သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-17
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဟန်သာမြင့်နဲ့ ဦးစိုးဝင်းတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ လေ့လာရေးခရီးစဉ် အဖြစ် ရောက်ရှိနေကြပြီး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်း ကူးပြောင်းရေးကိစ္စရပ်တွေကို အမေရိကန် လွှတ်တော် အမတ်တွေနဲ့ ဆွေးနွေးနေကြပါတယ်။
2014-09-17
မြန်မာနိုင်ငံ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်လေးတွေကို ကူညီနိုင် ဖို့အတွက် ရိုးမဘဏ်ကို ဒေါ်လာ ငါးသန်း ချေးငွေထုတ်ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ် လက်အောက်ခံ IFC အဖွဲ့က ကြေညာလိုက်ပါတယ်။
2014-09-16
အစိုးရက ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို အဖွဲ့ဝင်အင်အား ၇၀၀ ကျော်ရှိ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-09-16
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြဖို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ဝန်ထမ်းတွေကို ပြောကြားလိုက်ပါတယ်။
2014-09-16
စက်တင်ဘာလ ၁၃ ရက်နေ့ဟာ နိုင်ငံတကာ “လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့” ဖြစ်ပါတယ် ။ မြန်မာနိုင်ငံဟာ လူကုန်ကူးခံရမှု ထိပ်ဆုံးနိုင်ငံ စာရင်းထဲမှာ ပါဝင်နေပါတယ်။
2014-09-16
ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲ တွေ့နေတဲ့ ရေဘေးဒုက္ခသည်အတွက် သီတဂူဆရာတော် အရှင်ဉာဏိဿရက ဒီနေ့ ပါကစ္စတန်သံရုံးကို သွားရောက်ပြီး အလှူငွေပေးအပ်ခဲ့ပါတယ်။
2014-09-16
မူးယစ်ဆေးဝါးစွဲသူတွေကို တနေရာတည်းမှာ ဆေးဖြတ်တောက် ကုသပေးမယ့် ဌာန ၈ ခုကို ရန်ကုန်မြို့အပါအဝင် မြို့ကြီး ၇ မြို့မှာ မကြာခင် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။
2014-09-16
သတင်းမီဒီယာတွေမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှုတွေ တိုးတက် များပြားလာဖို့အတွက် သတင်းမီဒီယာသမားတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ၂ဝ၁၄ စက်တင်ဘာလ ၁၆ ရက်၊ ဒီကနေ့ ဆွေးနွေးခဲ့ ကြပါတယ်။
2014-09-16
ခရီးသည်တင် ဘတ်စ်ကားတွေကို စာသင်ခန်းအဖြစ် ပြောင်းလဲအသုံးပြုပြီး၊ ကလေးငယ်တွေဆီ အရောက်သွား ပညာသင်ကြားပေးနေတဲ့ MyME Project- “မြန်မာရွေ့လျားပညာရေး စီမံကိန်း” ရဲ့ တနှစ်ပြည့် အခမ်းအနားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
2014-09-16
ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေဘေး အန္တရာယ်ကြောင့် စားဝတ်နေရေး နဲ့ နေထိုင်ရေး အခက်အခဲ ဖြစ်နေသူတွေအတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ က ဒီနေ့ ပါကစ္စတန်သံရုံးကို အမေရိကန် ဒေါ်လာ တစ်သောင်း လှူဒါန်းခဲ့ပါတယ်။
2014-09-16
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေ သက ပြည်သူတွေကို သွားရောက်ကူညီ ခဲ့တဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်က မဖြူနှင်းထွေးကို ပုဒ်မ ၃၆၄၊ ၃၆၈ ဆိုတဲ့ ပြန်ပေးဆွဲတဲ့ပုဒ်မတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲထားတဲ့အပေါ် ဗကသများအဖွဲ့ချုပ်က ပြစ် တင်ရှုတ်ချလိုက်ပါတယ်။
2014-09-16
သတင်းသမားတွေဟာ ပဋိပက္ခဖြစ် ပွားနေတဲ့နယ်မြေတွေမှာ ကွင်းဆင်း သတင်းရယူတာ အားနည်းနေတယ်လို့ ဒီနေ့ Park Royal Hotel မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ သတင်းရေးသားတင်ပြမှု တိုးတက်စေရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသားအရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုပါတယ်။
2014-09-16
ခါကာဘိုရာဇီ တောင်တက်ခရီးစဉ် မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်တင်နိုင်ဖို့အတွက် အမေရိကန်နိုင် ငံ တောင်တက်သမားတွေနဲ့ ထိုင်းနိုင်ငံက ရဟတ်ယာဉ် ရရှိရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
2014-09-16
မူးယစ်ဆေးစွဲနေသူတွေကို တစ်နေရာ တည်းမှာ ဆေးဖြတ်တောက်ကုသပေးမယ့် ဌာန ၈ ခုကို ရန်ကုန်မြို့နဲ့ မြို့ကြီး ၇ မြို့မှာ မကြာခင် ဖွင့်လှစ်မှာဖြစ်တယ်လို့ မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေးစီမံကိန်း မန်နေဂျာ ဒေါက်တာလှဌေးက ဒီနေ့ ပြောခဲ့ပါတယ်။
2014-09-16
အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးဆောင်ရွက်ခဲ့တဲ့ မကွေးတိုင်းက NLD နဲ့ ၈၈ မျိုးဆက် ပူးပေါင်းကော်မတီဝင် ၁၁ ဦး ကို အေးစေတီဘုရားဝင်းမှာ ဟောပြောပွဲကျင်းပခဲ့ တာကြောင့် ပိုင်နက် ကျူးလွန်မှုပုဒ်မ ၄၄၇ နဲ့တရားစွဲလိုက် တဲ့အတွက် ရဲစခန်းကိုလာရောက်ဖို့ဆင့်ခေါ်လိုက်ပါတယ်။