ပါကစ္စတန်ရေဘေးဒုက္ခသည်တွေ အတွက်သီတဂူ ဆရာတော်ကြီး ငွေလှူဒါန်း


2014.09.16
thaitagu-305 ပါကစ္စတန်နိုင်ငံမှာ ရေဘေးအန္တရာယ်ကြောင့် အခက်အခဲ ဖြစ်နေသူတွေအတွက် သီတဂူဆရာတော် အရှင်ဉာဏိဿရက စက်တင်ဘာလ ၁၆ ရက်နေ့က အမေရိကန် ဒေါ်လာ တစ်သောင်း လှူဒါန်းစဉ်
Photo: Wai Mar Tun / RFA

ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေဘေး အန္တရာယ်ကြောင့် စားဝတ်နေရေးနဲ့ နေထိုင်ရေး အခက်အခဲ ဖြစ်နေသူတွေအတွက် သီတဂူဆရာတော် အရှင်ဉာဏိဿရ က ဒီနေ့ ပါကစ္စတန်သံရုံးကို အမေရိကန် ဒေါ်လာ တစ်သောင်း လှူဒါန်းခဲ့ပါတယ်။

နိုင်ငံ၊ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာတွေ မတူကြပေမဲ့ အများနဲ့ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာရင် ဝိုင်းဝန်းဖြေ ရှင်းပေးရမှာဖြစ်ကြာင်း သီတဂူဆရာတော် အရှင် ဉာဏိဿရက မိန့်ပါတယ်။

"ပါကစ္စတန်တို့၊ အိန္ဒိယတို့၊ မြန်မာတို့ဆို ပြီးတော့ နိုင်ငံတွေနဲ့ လူမျိုးတွေကိုးကွယ်တဲ့ ဘာသာ လူမျိုးတွေမတူကြသော်လည်း ပဲ ပြဿနာတွေဖြစ်လာတဲ့အခါကျတော့ အားလုံးလူပဲ၊ ဟိုမှာရေနစ်တယ် ဗမာပြည် လည်း ရေနစ်တာတွေ ရေကြီးတာတွေအများကြီးပဲ၊ ရေနစ်ခြင်းဆိုတဲ့ပြဇတ်မှာ ဗမာဗုဒ္ဓဘာသာမှာဖြစ် သလိုပဲ၊ အစ္စလာမ်၊ ပါကစ္စတန်မှာလည်းဖြစ်တယ်၊ အစ္စလာမ်၊ ပါကစ္စတန်နဲ့ မြန်မာဆိုတဲ့ ဝေါဟာရ မတူညီတာလေးကို ခဏဖယ်ထားလိုက်ရင် ရေနစ်ခံရခြင်း၊ ရေမြုပ်ခဲ့ရခြင်းဆိုတဲ့ဒုက္ခဟာ အားလုံးနဲ့ ဆိုင်နေတယ်၊ အများနဲ့ဆိုင်နေတဲ့အဲ့ဒီပြဿနာ ဝိုင်းဝန်းပြီးတော့ အများသဘောတူဖြေရှင်းပေး ရမှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာရှိရမယ့် တာဝန်ပါ"

ပါကစ္စတန်နိုင်ငံမှာ ဒီလဆန်းကစပြီး ရေကြီးရေလျှံခဲ့တာကြောင့် လူဦးရေ ၃၀၀ ကျော် သေဆုံးခဲ့ပြီး သုံးသန်းနီးပါးဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့သိရပါတယ်။ အိမ်ခြေ လေးသောင်းခွဲကျော်နဲ့ လယ်မြေဧက တစ်သန်းကျော်လည်း ပျက်စီးသွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ် Mr.Ehsan ULLah Batthက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။