မူးယစ်ဆေးစွဲလူနာ ကုသရေး
2014.09.16
မူးယစ်ဆေးဝါးစွဲသူတွေကို တနေရာတည်းမှာ ဆေးဖြတ်တောက် ကုသပေးမယ့် ဌာန ၈ ခုကို ရန်ကုန်မြို့အပါအဝင် မြို့ကြီး ၇ မြို့မှာ မကြာခင် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေးအဖွဲ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ဒီကနေ့ ဆွေးနွေးခဲ့ ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။