သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-03
ပျော်ဘွယ်မြို့နယ် NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဝင် ၅ ဦးဟာ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်စာ တွေကို မြို့နယ်ကော်မရှင်ရုံးနဲ့ မန္တလေးတိုင်း ဒေသကြီး NDF ရုံးတွေကို နိုဝင်ဘာလ ၃ဝ ရက်နေ့က ပေးပိ့ုခဲ့ကြတယ်လို့ သိရပါတယ်။
2011-12-03
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာပြည် အင်္ဂလိပ်ကျွန်ဘဝ ကနေ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံကို လျှို့ဝှက်သွားရောက်ကာ စစ်ပညာတွေ သင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောဟာ ဒီကနေ့ အသက် ၉၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
2011-12-03
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နောက်ခံထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးနိုင်ဖို့အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရုပ်ရှင်နယ်ပယ်က ထင်ရှားတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို နေအိမ်မှာ ဖိတ်ခေါ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2011-12-02
မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်လာတာကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁.၂ သန်း ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားပါတယ်။
2011-12-02
ပြည်တွင်းစစ်နဲ့ ဆင်းရဲမွဲတေမှု ပြဿနာ ကြုံတွေ့နေကြရတဲ့ တိုင်းရင်းသား ဒေသတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို တိုင်းရင်းသား ပါတီတွေက မနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။
2011-12-02
မြန်မာအစိုးရ အနေနဲ့ ရှေ့ဆက်ပြီး လုံလောက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားရင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ စဉ်းစားမှာ ဖြစ်ပေမယ့် လောလောဆယ် ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။
2011-12-02
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး လူမှုကွန်ယက် (မန္တလေး) ကနေပြီး အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒီနေ့ အကူငွေ ကူညီ ထောက်ပံ့ခဲ့ပါတယ်။
2011-12-02
မိမိတို့နဲ့တကွ မြန်မာနိုင်ငံ အစိုးရ၊ အမေရိကန် ပြည်ထောင်စုနဲ့အပြည်ပြည် ဆိုင်ရာက မိတ်ဆွေ နိုင်ငံတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုရင် ဒီမိုကရေစီ ပန်းတိုင် ချီတက်ရာ လမ်းကြောင်းဟာ နောက်ပြန်လှည့်လို့ မရတော့ဘဲ ရှေ့ကို ဆက်လှမ်းရတော့မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2011-12-01
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ဆက်လက် တွေ့ဆုံမှာ ဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။
2011-12-01
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2011-12-01
နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
2011-12-01
မြန်မာအစိုးရရဲ့ လက်ရှိ ဆောင်ရွက်ခဲ့တဲ့ အပြောင်းအလဲ တချို့ အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီ ပိုပေးမယ့် အပြင် သံတမန်ရေးမှာလည်း သံအမတ်ကြီး အဆင့် ပြန်လည် တိုးမြှင့်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-12-01
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
2011-12-01
ဟီလာရီ ကလင်တန်ဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရောက်ချင်း ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ ရွှေတိဂုံဘုရားကို သွားပြီး လှည့်လည် ဖူးမြော်ခဲ့ကြောင်း သတင်းရရှိပါတယ်။