ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သတင်းစာ ရှင်းလင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

2011.12.01
thura-shwe-mann-305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
RFA

အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံအပေါ် တိုက်တွန်းမှု၊ နိုင်ငံရေး အကျဉ်းသား ပြန်လည် လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒုက္ခသည် ကူညီရေး၊ လွှတ်တော်နှစ်ရပ်အတွင်း အာဏာခွဲဝေမှု၊ အစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ပြည့်ပြည့်စုံစုံ ဖြေကြားသွားတာ တွေ့ရပါတယ်။

ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးအပါအဝင် အမေရိကန် အစိုးရဘက်က ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံဘက်က ရှေ့တိုးဆောင်ရွက်ရမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်ခွင့်ရရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နယ်ခြားဒေသတွေမှာ လူသားချင်းစာနာမှု အကူညီပေးခွင့်ရရေးတွေကို ပြည်သူ့လွှတ်တော်အနေနဲ့ ကြိုးစားဆောင်ရွက်မယ့်အကြောင်း ကတိပေးခဲ့တယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောကြားပါတယ်။

မြန်မာအနေနဲ့ မြောက်ကိုရီးယားထံမှ နျူကလီးယားနည်းပညာ အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သူရ ဦးရွှေမန်းက သတင်းစာ ယတိပြတ် ငြင်းဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်း ဖြေကြားချက်တွေကို မူရင်းအတိုင်း နားဆင်နိုင်အောင် တင်ပြထားပါတယ်။

သတင်းစာ ရှင်းလင်းပွဲ (၁)
အသံဖိုင်ယူရန်။
သတင်းစာ ရှင်းလင်းပွဲ (၂)
အသံဖိုင်ယူရန်။
သတင်းစာ ရှင်းလင်းပွဲ (၃)
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-02 07:42

LET'S SEE! WHAT 'S CHANGE? TIME IS THE ANSWER

Anonymous
2011-12-01 15:06

Very Well said. I hope that implementation will follow on what he has said. If it is so, our country dawn will be very soon.

Anonymous
2011-12-01 12:59

yes good