သူရဦးရွှေမန်းနဲ့ ၁၆ ဦးကို USDP ပါတီက ထုတ်ပယ်


2016.04.23
shwemann-commission-620.jpg ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Thura U Shwe Mann Facebook

ပြည်ထောင်စု လွှတ်တော်နာယက (ဟောင်း) သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၇ ဦးကို ထုတ် ပယ်လိုက်ကြောင်း ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောပါတယ်။

"ကျနော်တို့ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့ မကိုက်တဲ့ ပုဂ္ဂိုလ်တွေပေါ့နော်၊ ၁၇ ယောက်လောက်ကိုတော့ ပါတီကနေနှုတ်ထွက်ခွင့်ပေးမယ်လို့တော့ ကြားတယ်ခင်ဗျ၊ ကျနော်တို့ပါတီကနေ နောက်ပိုင်းဗဟိုအလုပ် မှုဆောင်ထဲမှာ မပါလာတဲ့ပုဂ္ဂိုလ်တွေပေါ့၊ ဦးအောင်သိန်းတို့ဘာတို့ပေါ့"

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က အဖွဲ့ဝင်တွေ အတော်များများလည်း ထုတ်ပယ်ခံရတဲ့အထဲမှာ ပါကြောင်းလည်း ပြောပါတယ်။

မနေ့က USDP ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ အခုလို ထုတ်ပယ်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေး တယ်လို့ သိရပါတယ်။

သူရဦးရွှေမန်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သာမန်အဖွဲ့ဝင်သာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။