စီးပွားရေးပိတ်ဆို့မှု ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေး
2011.12.02

AFP
မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် ရန်ကုန်မြို့က အမေရိကန် သံရုံးးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဟီလာရီ ကလင်တန်က “အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းမယ့် ကိစ္စကို ဆွေးနွေးဖို့ ကျွန်မတို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့က တိုက်တွန်း အားပေးမှုတွေလောက်ပဲ စလုပ်နေတာ တွေ့ရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးတာ ကျွန်မတို့ မြင်ချင်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးမှာ အားသွန်ခွန်စိုက် ဆောင်ရွက်တာကိုလည်း တွေ့ချင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ်မှတ်ပေးတာလည်း ကျွန်မတို့ တွေ့ချင်ပါတယ်” လို့ ပြောကြားသွားပါတယ်။
မြန်မာအစိုးရ ဆောင်ရွက်ဖို့ သတ်မှတ်ထားချက်တွေ ရှိပြီး အဲဒါတွေကို အကောင်အထည် ဖော်စေလိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တိုင်း အတွက် အမေရိကန် အစိုးရဘက်ကလည်း ထပ်တူထပ်မျှ တစ်ဆင့်ချင်း
တုံ့ပြန်သွားမယ်လို့လည်း ပြောပါတယ်။