သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-20
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် လွင်ကြီး၊ ကုန်းစံ၊ ဟိုခိုနဲ့ ကျူအင်းရွာတွေမှာရှိတဲ့ စစ်ကောင်စီအကျဉ်းဦးစီးဌာနရဲ့ စခန်းလေးခုကို TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2023-11-20
ကျောက်ဖြူမြို့က ပင်လယ်နဲ့ မြစ်ကမ်းဘေးတစ်လျှောက်က ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေကို လက်လှေ၊ စက်လှေတွေနဲ့ သွားလာငါးဖမ်းတာတွေမလုပ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2023-11-20
အင်းတော် နဘားရွာအနီး ကားလမ်းဆုံကို နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-11-20
တစ်နိုင်ငံလုံး စက်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာဟာ အမေရိကန် ဒေါ်လာ သုံးဒေါ် လာအထက်ရှိသင့်တာမို့ ကျပ်တစ်သောင်းအထိ တိုးပေးဖို့ လိုအပ်တယ်လို့ STUM ရဲ့ ဦးဆောင်သူဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
2023-11-20
လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးနှစ်ဦး လွတ်မြောက်ခဲ့ပြီး အဲဒီထဲက ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်ပြည်နယ် လိပ်သိုမြို့နယ် တန်ကလူးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။
2023-11-20
ရခိုင်ပြည်နယ်မှာ တပ်နဲ့ AA တို့ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တစ်ပြည်နယ်လုံးကို စစ်ကောင်စီက ကုန်းလမ်းရော၊ ရေလမ်းကပါ အဝင်၊ အထွက်ပိတ်ဆို့ထားတာ ဒီနေ့ဆိုရင် တစ်ပတ်ရှိသွားပါပြီ။
2023-11-20
မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်က ကင်းရွာနဲ့ သရက်ကိုင်းရွာ ဒေသခံခြောက်ဦးကို နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-20
လွိုင်ကော်မြို့က ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်ဝင်းထဲကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကိုရင်နှစ်ပါး ပျံလွန်ခဲ့ပါတယ်။
2023-11-20
TNLA က နမ့်ခမ်းမြို့နယ်နဲ့ လားရှိုးမြို့နယ် တပ်စခန်းတွေကို ဝင်တိုက်တဲ့နေ့တွေမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ TNLA က နိုဝင်ဘာလ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
2023-11-20
ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့ပါတယ်။
2023-11-20
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်း တိုက်ပွဲတွေ လုပ်လာနိုင်တာကြောင့် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်တာ၊ လူတွေကို ဖမ်းတာဆီးတာတွေ ရှိလာနေပါတယ်။
2023-11-19
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖလန်းမြို့နယ် သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို CNDF က သိမ်းပိုက်လိုက်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာကြတာပါ။
2023-11-19
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့က နယ်စပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်တပ်မတော်- မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က ပြောပါတယ်။
2023-11-19
မြန်မာပြည်သူတွေဟာ အကြမ်းဖက်ခံနေရဆဲဖြစ်ပြီး ခက်ခဲတဲ့ကာလတွေကိုလည်း ဖြတ်သန်းနေရဆဲပဲလို့ ဗာတီကန်မှာ ဆုတောင်းချိန် မိန့်ကြားခဲ့တာပါ။
2023-11-19
ရိုဟင်ဂျာစက်လှေတွေ အာချေးပြည်နယ်ကို မကြာခဏ ရောက်လာလေ့ရှိပြီး ဒီတစ်ခေါက်က အများဆုံးပဲလို့ ဒေသခံကုလသမဂ္ဂဝန်ထမ်းတစ်ဦးက ပြောပါတယ်။