မြန်မာပြည်သူတွေ လက်မလျှော့ဖို့ ပုပ်ရဟန်းမင်းကြီး မြွက်ကြား
RFA Burmese
2023.11.19
2023.11.19

မြန်မာပြည်ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေအနေနဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်သူတွေဟာ အကြမ်းဖက်ခံနေရဆဲဖြစ်ပြီး ခက်ခဲတဲ့ကာလတွေကိုလည်း ဖြတ်သန်းနေရဆဲပဲလို့ နိုဝင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့ ဗာတီကန်မှာ ဆုတောင်းချိန် ထည့်သွင်းမိန့်ကြားခဲ့တာဖြစ်ပါတယ်။
ဒီလိုခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရပေမဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ မပျောက်မပျက် ခိုင်ခိုင်မာမာဆက်ထားကြဖို့နဲ့ ခံနိုင်ရည်ရှိကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်က ညီအစ်ကိုမောင်နှမတွေအတွက် ဆုတောင်းပေးနေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ မြန်မာအပါအဝင်၊ ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွေ ငြိမ်းချမ်းရေးရဖို့လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။