အရပ်သားတွေကို လေးစားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

RFA Burmese
2024.01.28
အရပ်သားတွေကို လေးစားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် ဝတ်ပြုပွဲ တက်ရောက်လာသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။
Photo: AFP

ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အရပ်သားတွေကို လေးစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဇန်နဝါရီလ ၂၈ ရက်နေ့က တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ စီးဆင်းခွင့်ပေးရမယ်လို့လည်း မိန့်ကြားလိုက်ပါတယ်။

လူတွေဟာ စစ်ပန်းနေပြီး ကပ်ဆိုက်နေတဲ့အပြင် ကိုယ်ချင်းစာတရားလည်း ခေါင်းပါးနေတယ်လို့လည်း စိန့်ပီတာရင်ပြင်မှာ ကျင်းပတဲ့ ဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ စီးဆင်းခွင့်ကို ခွင့်ပြုပေးရမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ၊ အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲကြောင့် အထိနာနေတဲ့ လူတွေကို လေးစားရမယ်လို့ မိန့်ပါတယ်။

ဒါ့အပြင် ယူကရိန်းပြည်သူတွေ ထိခိုက်ခံစားနေရတာတွေကိုလည်း ဝတ်ပြုပွဲမှာ ပုပ်ရဟန်းကြီးက ထည့်သွင်း မိန့်ကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။