သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-18
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် လူငယ်တွေ ပိုပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်လာကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
2023-10-18
တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မနေ့က ကျင်းပခဲ့ပြီး မြန်မာစစ်ကောင်စီဘက်က သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေက မနေ့က ထုတ်ပြန်ပါတယ်။
2023-10-18
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
2023-10-18
စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးထိထိရောက်ရောက် အရေးယူပေးဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
2023-10-18
စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက်ခံစားခွင့် ပိတ်ပင်လိုက်တာ နဲ့ ထောင်တွင်းတရားစွဲဆိုတာတွေ ရှိနေတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင် ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-18
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နှစ်ပတ်ကျော်အတွင်း အရပ်သား ရှစ်ဦးသေဆုံးခဲ့ပါတယ်။
2023-10-18
ကာဇက်စတန်နိုင်ငံမှာ ပြုလုပ်တဲ့ ပထမအကြိမ် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ဖိုရမ်ကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ပြီး မြန်မာနိုင်ငံမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်နိုင်ရေးကို အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။
2023-10-18
ရွှေကူမြို့နယ်က စစ်ကောင်စီ တပ်ရင်း ၅၆ နဲ့ ၆၀၂ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
2023-10-18
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှာ အခွန်ဆောင်ထားကြောင်း ထောက်ခံချက် ပါရှိရတော့မှာပါ။
2023-10-18
နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာရွာမှာရှိတဲ့ ကင်းသာ (၂) ကုန်ထုတ်စခန်းကနေ ရာဇဝတ်အကျဉ်းသား ခုနစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-10-18
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ နေပြည်တော် အပါအဝင် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
2023-10-18
ဖလမ်းမြို့နယ် သူဖေးရွာအနီးမှာ တောထဲ ဆေးမြစ်သွားရှာတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-18
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းတာကြောင့် သုံးဦး အသတ်ခံခဲ့ရပါတယ်။
2023-10-18
အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ စစ်အာဏာမသိမ်းခင်ကထက် နှစ်ဆကျော်၊ သုံးဆတက်လာတာကြောင့် ရောင်းတဲ့သူတွေရော ဝယ်တဲ့သူတွေပါ အခက်တွေ့နေကြပြီး ရန်ကုန်မြို့ခံတချို့ ထမင်းလျှော့စားနေရပြီလို့ ပြောကြပါတယ်။
2023-10-18
ဘားအံမြို့နယ်က ရပ်ကွက်တွေမှာ ကရင်ပြည်နယ်နေ့ ကျင်းပဖို့ဆိုပြီး စစ်ကောင်စီက ငွေကောက်ခံနေပါတယ်။