သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-21
စစ်တပ်က အာဏာသိမ်းတာ ၂ လခွဲကျော်လာပေမယ့် အစိုးရယန္တရားတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအများစုက CDM လို့ခေါ်တဲ့ "အကြမ်းမဖက် လူထုလှုပ်ရှားမှု" မှာ ပါဝင်နေတဲ့အတွက် စစ်အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်ဖို့ ခက်ခဲနေတာ တွေ့ရပါတယ်။ CDM ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းအောင် အာဏာသိမ်းစစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိအားပေးနေပေမယ့် ဝန်ထမ်းအများစုက ဇွဲမလျှော့ဘဲ စစ်အာဏာရှင်စနစ် အပြီးဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြပါတယ်။
2021-04-21
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေဟာ တောင်ကိုရီးယား လွှတ်တော်နဲ့ သမ္မတအိမ်တော်တွေကို မနေ့က သွားရောက်ပြီး NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေးအတွက် တောင်းဆိုစာတွေ ပေးပို့ခဲ့ကြသလို NUG ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်း ကလည်း တောင်ကိုရီးယားနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းချုပ် ဥက္ကဋ္ဌ စိုးဂန်ဆော့နဲ့ အွန်လိုင်းက တဆင့် ဆက်သွယ်ပြောကြားခဲ့ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2021-04-21
မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်မှုတွေရပ်သွားအောင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုက အခုထက်ပိုပြီး ဖိအားတွေ တိုးပြီးပေးဖို့ ဝါရှင်တန်ဒီစီအခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားပေးကူညီမှု အဖွဲ့တခု ဖြစ်တဲ့ Freedom House က ဧပြီလ ၂၁ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။
2021-04-21
လာမယ့်စနေနေ့ ဧပြီလ ၂၄ရက်နေ့ကျရင် ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းက အင်ဒိုနီးရှားနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး မြန်မာ့အရေး ဆွေးနွေးကြမယ့် အစီအစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားထားတာကို ချက်ချင်း ပြန်ရုပ်သိမ်းသင့်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-04-21
အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise) နဲ့ မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (Myanmar Pearl Enterprise) တို့ကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူလိုက်ပါတယ်။
2021-04-21
ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ယာယီဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေတဲ့ ကိုမျိုးထက်နိုင်လင်းကို ဧပြီလ ၂၁ ရက် ဒီနေ့မနက် (၆) နာရီလောက်မှာ စစ်တပ်နဲ့ရဲက နေအိမ်ကို အင်အားအလုံးရင်းနဲ့ ဝိုင်းပြီး အိပ်ခန်းထဲကနေ ဆွဲခေါ်ထုတ် ဖမ်းသွားခဲ့တယ်လို့ မြစ်ကြီးနားမြို့ ပင်မသပိတ်စစ်ကြောင်း ခေါင်းဆောင်တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။
2021-04-21
ဖမ်းဆီးခံရတဲ့နေ့ကစပြီး ဒီနေ့ ဧပြီလ ၂၁ ရက်နေ့အထိ ဘယ်မှာဖမ်းဆီးထားလဲ တိတိကျကျ မသိရသေးသလို အဆက်အသွယ်မရသေးတာကြောင့် မိသားစုတွေနဲ့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေက စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။
2021-04-21
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်သပိတ်စစ်ကြောင်းဟာ ဧပြီ ၂၁ ရက်၊ ဒီနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-04-21
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေပါသုံးပြီး ရွာသားတွေကို ပစ်ခတ်တဲ့ အတွက် သေဆုံးသူ အနည်းဆုံး ၁၀ ယောက်ရှိသလို၊ ဒဏ်ရာရတဲ့သူ၊ ပျောက်ဆုံးတဲ့သူတွေရှိနေပါတယ်။ တစ်နေ့ တည်းမှာ မန္တလေး၊ မြင်းခြံ၊ ပုသိမ်နဲ့ ခင်ဦးမြို့တွေ အနည်းဆုံး ၁၅ ယောက်လောက်လည်း အဖမ်းခံရပါတယ်။
2021-04-21
အာဏသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အသက် ၁၈ နှစ်နဲ့အထက် လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင် နေတယ်လို့ အမည်မဖော်လိုတဲ့ ဆန္ဒပြလူငယ်တွေနဲ့ပြည်သူတချို့က ပြောပါတယ်။
2021-04-21
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူကျောင်းတိုက်က ဆရာတော် ဦးရေဝတ (ယခင်က ဗကသ ဥက္ကဋ္ဌဟောင်း ကိုရဲရင့်ပိုင်မှူး) ကို ဧပြီ ၂၁ ရက်၊ ဒီနေ့ ညနေ ၄ နာရီလောက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောင်းတိုက်အတွင်းမှာ ရိုက်နှက်ဖမ်းဆီးသွား တယ်လို့ သိရပါတယ်။
2021-04-21
အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် CRPH က ရေးဆွဲထားတဲ့ အခြေခံမူဟာ တိုင်းရင်းသားတွေတောင်းဆိုတဲ့ အခြေခံမူတွေနဲ့ တစ်ထပ်တည်း ကျနေတဲ့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ ( KSCC ) က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2021-04-21
မြန်မာနိုင်ငံရဲ့ ထောင်သက်အကြာဆုံး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အထိမ်း အမှတ်အဖြစ်၊ ဦးဝင်းတင် စတင်ခဲ့တဲ့ နိုင်ငံရေး အကျဥ်းသားလွတ်မြောက်ရေး Blue Shirt Campaign အပြာရောင်လှုပ်ရှားမှုကို ဧပြီလ ၂၁ ရက် ဒီကနေ့မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက နိုင်ငံတဝှမ်း စတင်လိုက်ပြီး ဖမ်းဆီးခံဆန္ဒပြပြည်သူအားလုံး လွတ်မြောက် ရေးအတွက် တောင်းဆိုလိုက်ပါတယ်။
2021-04-21
ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ အခုအချိန် ထိ သူ့ရဲ့ရှေ့နေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့် မရသေးဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးငြိမ်းချမ်းက ဒီနေ့ ပြောပါတယ်။
2021-04-21
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး၊ ဟွေလုန်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၃၃)၊ ရှေ့တန်းခြေမြန် တပ်စခန်းတစ်ခုကို ဧပြီလ (၂၀) ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ဆင်ရေးအရာရှိတစ်ဦးက RFA ကို အတည်ပြုပြော ပါတယ်။