စစ်ခေါင်းဆောင်တွေကို ဖိအားတွေတိုးပေးဖို့ Freedom House အဖွဲ့ တိုက်တွန်း

2021.04.21
စစ်ခေါင်းဆောင်တွေကို ဖိအားတွေတိုးပေးဖို့ Freedom House အဖွဲ့ တိုက်တွန်း ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူတဦး။
Photo: Reuters

မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်မှုတွေရပ်သွားအောင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုက အခုထက်ပိုပြီး ဖိအားတွေ တိုးပြီးပေးဖို့ ဝါရှင်တန်ဒီစီအခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားပေးကူညီမှု အဖွဲ့တခု ဖြစ်တဲ့ Freedom House က ဧပြီလ ၂၁ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အင်တာနက်ဖြတ်တောက်ပြီး ဖိနှိပ်နေတာတွေ၊ အကြမ်းဖက်မှုတွေ တိုးမြှင့်ပြီး လုပ်ဆောင်နေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အခုထက်ပိုပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားတွေ ပေးသင့်တယ်လို့ Freedom House အဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖန်တီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်မလာအောင် နိုင်ငံတကာရဲ့ ခိုင်မာတဲ့ ကြိုးပမ်းမှုတရပ် လိုအပ်နေပြီး မြန်မာရဲ့ အခုအခြေအနေက နိုင်ငံတကာဆိုင်ရာ အရေးပေါ်အခြေအနေတရပ် ဖြစ်နေပြီလို့လည်း Freedom House အဖွဲ့ရဲ့ ဥက္ကဋ္ဌ Michael J. Abramowitz က ပြောပါတယ်။ စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့် မြန်မာ့စီးပွားရေးဟာ ထိခိုက်နေပြီလို့လည်းဆိုပါတယ်။

အဲဒါကြောင့် စစ်ကောင်စီက ကြိုးပမ်းနေတဲ့ သူတို့အဖွဲ့ကို တရားဝင်မှုရှိကြောင်း နိုင်ငံတကာက အသိအမှတ်ပြုရေးကို အမေရိကန်အပါအဝင် ဒေသတွင်းအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စီးပွားရေးအင်အားစုတွေက တညီတညွတ်တည်း ဝိုင်းကန့်ကွက်မှ ဖြစ်မယ်လို့လည်း Freedom House အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။