သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-20
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ရေကြီးပြီး လယ်ယာမြေတွေ ပျက်စီးခဲ့တဲ့အတွက် အခုစပါးပေါ်ချိန်မှာ အထွက်လျော့ကျခဲ့တာကြောင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ ချေးယူထားတဲ့ စိုက်ပျိုးစားရိတ်ငွေကို ပြန်လည်ပေးဆပ်ဖို့ ဒေသခံလယ်သမားတွေ အခက်တွေ့နေကြပါတယ်။
2015-11-20
မကွေးမြို့နယ်အတွင်း လေတပ်အခြေစိုက်စခန်း တည်ဆောက်ဖို့ သိမ်းဆည်းထားတဲ့မြေတွေထဲက ပိုလျှံတဲ့ယာမြေတွေကို ပြန်ပေးဖို့ အစီအစဉ်မရှိတဲ့အပြင်၊ လျော်ကြေးကိစ္စကိုလည်း လက်ရှိ တိုင်းဒေသကြီးအစိုးရနဲ့သာ ညိနှိုင်းကြဖို့ စစ်တပ်အာဏာပိုင်တွေ က မြေသိမ်းခံထားရတဲ့ တောင်သူတွေကို ပြောလိုက်ပါတယ်။
2015-11-20
ကွယ်လွန်သူ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ လေးရက်ကြာ ကျင်းပသွားမယ့်အကြောင်း လူထုဒေါ်အမာရဲ့မိသားစုဝင်တွေက ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မန္တလေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။
2015-11-20
အစိုးရသစ်အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် NLD ပါတီဝင် မဟုတ်သူတွေကို ဦးစားပေးတာဝန် ပေးသင့်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောလိုက်ပါတယ်။
2015-11-20
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက... ပြည်သူတွေကို ဥပဒေက အကာ အကွယ်ပေးထားတယ်ဆိုတာကို သူယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေသိအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
2015-11-20
မြန်မာ့ပင်လယ်ပြင်က ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် တနင်္သာရီတိုင်း မြိတ်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီ ငါးဈေးကွက် ပေါ်ပေါက်လာအောင် ပြင်သစ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးက ကြိုးပမ်းနေပါတယ်။
2015-11-20
မြန်မာနိုင်ငံမှာ လက်ရှိအာဏာရအစိုးရ က ရွေးကောက်ပွဲရလဒ်တွေကို လေးစား လိုက်နာပြီး အေးအေးချမ်းချမ်း အာဏာ လွှဲပြောင်းပေးမယ်ဆိုရင် အမေရိကန်အစိုးရက ချမှတ်ထား တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုမိုဖြည်လျှော့ပေးဖို့ Republican ပါတီဝင် အထက်လွှတ်တော်အမတ် နှစ်ဦးက တိုက်တွန်းလိုက်ကြပါတယ်။
2015-11-20
အခြေခံပညာကျောင်းသားသမဂ္ဂ-အကသ အဖွဲ့ဝင်တွေက ရှမ်းတိုင်းရင်းသား စစ်ပြေး ဒုက္ခသည်တွေကို ကူညီဖို့ စမ်းချောင်းမြို့နယ်မှာ ဒီနေ့ ရန်ပုံငွေရှာအလှူခံတာကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုချက် ယူဖို့ ပြောဆိုတားမြစ်တယ်လို့ သိရပါတယ်။
2015-11-20
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ကျန်နေတဲ့ ကချင်ပြည် နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ်မြေ ၁၁ နေရာမှာ NLD က ၅ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၃ဦး၊ လီဆူအမျိုးသားဖံ့ွဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ၂ဦးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ဦး အနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ညနေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-11-20
အစိုးရဝန်ကြီးဌာနတွေက လွှတ်တော်ကို ကတိပေးထားတဲ့ လုပ်ငန်း ၈၄ ခုကို လက်ရှိ အစိုးရလက်ထက်မှာ အပြီးသတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက် ပယ်ဖျက်ပေးဖို့ဆိုပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက လွှတ်တော်ထံတင်ပြတောင်းဆိုထားတာ ကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်အများစုက ဒီနေ့ ကန့်ကွက်ဆွေးနွေးကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ပယ်ဖျက် ဖို့ ထောက်ခံမဲများတဲ့အတွက် ပယ်ဖျက်လိုက်ပါတယ်။
2015-11-20
အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်တွေဟာ လက်ရှိအစိုးရလက် ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ပြီး လက် မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2015-11-20
အစိုးရသစ်ကို အာဏာမလွှဲခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ တရားရင်ဆိုင်နေရ တဲ့ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအားလုံးကို လွှတ်ပေးဖို့ အဖွဲ့ ၁၃ ဖွဲ့က သမ္မတဦးသိန်းစိန်ကို ဒီနေ့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
2015-11-20
ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချား၊ မိုင်းနောင် စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။
2015-11-20
ရခိုင်ပြည်နယ်မှာ ဖောက်ခွဲရေးလက်နက်ပစ္စည်းတွေနဲ့ အကြမ်းဖက်သမားတွေ ဝင်ရောက်လာနိုင်တယ် ဆိုတဲ့ သတင်းတွေကြောင့် စစ်တွေမြို့အဝင် အထွက်ကို လုံခြုံရေးတင်းကျပ်ထားပါတယ်။
2015-11-20
အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေအပြင် ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၈ ပုံ ၁ ပုံ ရဲ့ မဲရရှိထားတယ်ဆိုရင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ် ၃ သိန်းကို ပြန်လည်ထုတ်ယူ ခွင့်ရှိမှာဖြစ်ပါတယ်။