မြိတ်မြို့က ငါးလေလံဈေး
2015.11.20
မြန်မာ့ပင်လယ်ပြင်က ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် တနင်္သာရီတိုင်း မြိတ်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီ ငါးဈေးကွက် ပေါ်ပေါက်လာအောင် ပြင်သစ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးက ကြိုးပမ်းနေပါတယ်။
စစ်အစိုးရအုပ်ချုပ်ပြီး နောက်ပိုင်းကစလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရထိပ်ပိုင်းနဲ့ နီးစပ်သူတွေကြောင့် မြိတ်ငါးဈေးကွက်ဟာ ထိုင်းနိုင်ငံကိုတင်ပို့တဲ့ မှောင်ခိုဈေးကွက် အဆင့်သာ ရှိနေသေးတယ်လို့ ပြောကြပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။