စစ်ပြေးဒုက္ခသည်တွေ အတွက် ကျောင်းသားသမဂ္ဂ အလှူခံကောက်ခံမှု တားမြစ်ခံရ


2015.11.20
shan-refugees-620.jpg ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

အခြေခံပညာကျောင်းသားသမဂ္ဂ-အကသ အဖွဲ့ဝင်တွေက ရှမ်းတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ စမ်းချောင်းမြို့နယ်မှာ ဒီနေ့ ရန်ပုံငွေရှာအလှူခံတာကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုချက်ယူဖို့ ပြောဆိုတားမြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အခြေခံပညာကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မင်းနိုင်က RFA ကို အခုလိုပြောပါတယ်။

"စမ်းချောင်မြို့နယ် ထွေအုပ်က ကျနော်တို့ကို ခွင့်ပြုချက်ယူဦးပေါ့နော်၊ ကျနော်တို့ကလည်း မေးလိုက်တယ်လေ ကထိန်တွေဘာတွေကျတော့ရောလို့ အဲ့လိုမျိုး ခွင့်ပြုချက်ယူရမှာလားဆိုတော့ ကထိန်တွေဆိုလို့ရှိရင်လည်း ခွင့်ပြုချက်ယူရတယ်တဲ့၊ အနောက်ကနေ ဓါတ်ပုံလိုက်ရိုက်တယ်၊ အဲ့လူတွေကိုမေးတာ ဘာမှတော့မလုပ်ဘူး သူတို့လိုက်ကြည့်တာပါလို့ ပြောတယ်၊ ကျနော်တို့ အလှူခံထွက်နေတုန်းပါ"

အကသအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာ ၃ ရက်ကြာအလှူခံမှာဖြစ်ပြီး ရလာတဲ့ငွေကြေားတွေနဲ့ပစ္စည်တွေကို ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- ဗကသ ကနေတဆင့် ဒုက္ခသည်တွေဆီပို့ ပေးမယ်လို့ ပြောပါတယ်။

ဗကသများအဖွဲ့ချုပ်ကလဲ အဲဒီ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်ကူညီရေးအတွက် ရန်ကုန်မြို့မှာ အလှူခံပြီး သွားပို့ကြမယ်လို့ ကြေညာထားပါတယ်။ အလားတူ ဗကသများအဖွဲ့ချုပ် မန္တလေးခရိုင် ကျောင်းသားသမဂ္ဂကလည်း စစ်ပြေးဒုက္ခသည်တွေအတွက် မန္တလေးမြို့မှာ အလှူခံထွက်နေပြီး၊ ဒီနေ့အထိ ကျပ်ငွေ ၂ သိန်း ၃ သောင်းကျော်နဲ့ အဝတ်အစားတွေလက်ခံရရှိထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။