သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-28
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီနေ့မနက်က မဟာကံကြီးရှင်ဘုရားအနီး တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံ လေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့ကလည်း မြေပုံမြို့နယ် ကျွဲကူးဆိပ်ကျေးရွာမှာ လက်နက်ကြီးကျလို့ ဒေသခံ ခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။
2019-12-28
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတိုင်းရင်းသားတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2019-12-28
၂ဝ၁၉ ဒီဇင်ဘာ ၂၈ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “၂ဝ၁၉ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-12-27
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ ICG နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2019-12-27
၂ဝ၁၉ အတွင်း အာရှတလွှားပြောင်းလဲမှုကိုစေ့ဆော်တဲ့ လူငယ် ငါးယောက်ဆိုပြီး CNN သတင်းဌာနက မနေ့ကထုတ်ပြန်လိုက်တဲ့အထဲမှာ မြန်မာနိုင်ငံသား လူငယ်တယောက် လည်း ပါဝင်ခဲ့ပါတယ်။
2019-12-27
အနာဂတ်မှာ ပိုကောင်းဖို့ အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူသင့်တယ်ဆိုတဲ့အတိုင်း ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘယ်လိုထူးခြားတာတွေ ဖြစ်ခဲ့သလဲဆိုတာကိုအနှစ်ချုပ်ပြီး ကောက်နှုတ်တင်ပြထားပါတယ်။
2019-12-27
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2019-12-27
ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Ichiro Maruyama က ၂၀၀၉ -၂၀၁၀ ဝန်းကျင်က ဖွဲ့စည်းလိုက်တဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ ဘာလို့အင်အားကြီးထွား လာသလဲဆိုတဲ့ မေခွန်း သူ့မှာရှိကြောင်း RFA နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုလိုက် ပါတယ်။
2019-12-27
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ရာအိမ်မှူး ကိုမိုးလင်းကို ဒီကနေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ် လိုက်ပါတယ်။
2019-12-27
NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2019-12-27
စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်ဟာ ဒီဇင်ဘာလ ၂၃ ရက် ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွားပြီး AA အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2019-12-26
ဆေးခြောက်လျှော်ပင် (Industrial Hemp) ကို မြန်မာနိုင်ငံမှာ အမြောက်အမြားစိုက်ပျိုးဖို့ တရုတ်နိုင်ငံက ကမ်းလှမ်းနေပြီး ဒီအခြေအနေကို မြန်မာနိုင်ငံဘက်ကလည်း လိုလားနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းကပြောပါတယ်။
2019-12-26
အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ NLD ရဲ့ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းဟာ မနေ့က ခရစ္စမတ်နေ့မှာ တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ရခိုင့်တပ်တော် AA တပ်စွဲထားတဲ့နေရာကို ကျရောက်တာကြောင့် သေဆုံးသွား တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2019-12-26
ရခိုင်ပြည်နယ် မြောက်ဦးမြို့အရှေ့ဘက်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်လေ့တဲ့အတွက် မြို့အရှေ့ဘက်က ရွာဟောင်း တောကျေးရွာက ရွာသားတွေဟာ စစ်ဘေးကို ကြောက်လန့်ထွက်ပြေးကြလို့ အိမ်ခြေ ၂၀၀ ကျော်အနက် အိမ်ခြေ ၃၀ ခန့်ပဲ လူကျန်ပါတော့တယ်။
2019-12-26
မန္တလေးမြို့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းထဲမှာ ပါဝင်သွားတဲ့ မြေတွေကို လျော်ကြေးပေးဖို့အတွက် တောင်သူတွေဘက်က ခေါင်းဆောင်အချို့နဲ့ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ၊ လယ်ယာမြေ စီမံခန့်ခွဲ မှုကော်မတီတို့ ဒီကနေ့ ရှမ်းလေးကျွန်းကျေးရွာက အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။