သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-29
စာဖတ်ဝါသနာပါပေမယ့် စာအုပ် ငှားမဖတ်နိုင်သူတွေအတွက် ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ် မှတ်တိုင်အနီးက သစ်ပင်ရိပ်အောက်မှာ “မနောဖြူ” ဆိုတဲ့ စာပေရေချမ်းစင် လေး ဖွင့်ထားပါတယ်။
2023-09-29
ဝန်းသိုမြို့ ဂျိုးတောင်ရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၁၈ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
2023-09-29
သူ့နာမည်က မာ့က်ဆယ်ကီ ပါ။ အာဖရိကတိုက် ဂါနာနိုင်ငံက အသက် ၂၈ နှစ်အရွယ် ဘောလုံးသမား ဖြစ်ပါတယ်။
2023-09-29
စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်မြောက်ထဲ ရောက်လာတဲ့အချိန်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲထောင်ချတာတွေ ပိုများလာပါတယ်။
2023-09-29
ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို အမျိုးသား တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
2023-09-29
လိုင်ဇာမြို့အနီးက ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ AA ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ ရဲဘော်တချို့လည်းရှိပါတယ်။
2023-09-29
အာဏာသိမ်းကာလ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၈၆,၀၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ ISP-Myanmar က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-09-29
မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျိုးကန်ရွာမှာ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ လေးဦး သတ်ဖြတ်ခံရပါတယ်။
2023-09-29
ဧရာဝတီတိုင်း ဘိုကလေးနဲ့ မအူပင်က အမျိုးသား သုံးဦးကို PDF တွေ ဖြစ်တယ်၊ လူသတ်မှုကျူးလွန်တယ်ဆိုပြီး ဖျာပုံခရိုင်တရားရုံးက စက်တင်ဘာ ၂၈ ရက်က သေဒဏ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-09-29
တမူးမြို့နယ် ရန်လင်းဖိုင်ရွာက အမျိုးသားတစ်ဦး နွားကျောင်းသွားတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
2023-09-29
စစ်ကောင်စီဟာ နိုင်ငံရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တာကြောင့် စံပြဖြစ်ဖို့လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက် နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။
2023-09-28
ကလေးမြို့ မွန်းလိုင် နှစ်ခြင်းဘုရားကျောင်းရှေ့မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲက ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-09-28
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ရမယ်ဆိုတဲ့ အခွင့်အရေးအကြောင့် ငွေကြေး အနည်းဆုံး သိန်းနှစ်ဆယ်ကျော် အကုန်ကျခံပြီး ထွက်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက တချို့ ထိုင်းနိုင်ငံရောက်ပြီး လပေါင်းများစွာကြာတဲ့အထိ အလုပ်မရကြလို့ အခက်အခဲဖြစ်နေပါတယ်။
2023-09-28
ထိုင်းနိုင်ငံမှာ တစ်နှစ်အတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာမှာ အဲဒီထဲ မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး ပါဝင်တယ်လို့ ထိုင်းအလုပ်သမား ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
2023-09-28
ဒေါက်တာအေးမောင်နဲ့ ဒေါ်စန္ဒာမင်းတို့က စစ်ကောင်စီဘက်ကို ရပ်တည်ပြောဆိုခဲ့တယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြဖို့ ပြင်နေတယ်လို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောပါတယ်။