သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-29
စက်တင်ဘာလ ၂၉ရက်က လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာန ၂၅နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာစာနယ်ဇင်းလောကရဲ့ စွမ်းအားနဲ့ အန္တရာယ်အခက်အခဲများ ဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။
2021-09-29
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တနေ့တခြားယိုယွင်းလာနေတဲ့အတွက် ချမ်းသာသူတွေရော ဆင်းရဲသူတွေပါ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါပြီ။ ဆင်းရဲပင်ပန်းမှုကို သာမန်အခြေခံလူတန်းစားတွေက ပိုပြီး ခံစားနေရပါတယ်။ စိုက်ပျိုးစရိတ် မကြုံစဖူးများလာတဲ့အတွက် လာမယ့်ဆောင်းစပါးကို စိုက်မယ့်သူ မရှိတော့ဘူးလို့ လယ်သမားတွေက ပြောကြပါတယ်။
2021-09-29
စစ်တပ်အာဏာသိမ်းအပြီး၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ တခြားနိုင်ငံ ငယ်တွေ ကြုံခဲ့ရတဲ့ အာဏာသိမ်းဖြစ်ရပ်အခြေအနေတချို့ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်း က စုစည်းတင်ပြထားပါတယ်။
2021-09-29
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ဆိုသလိုကျနေတာကြောင့် တရုတ်နယ်စပ် ငွေလဲနှုန်းမှာ တရုတ်ယွမ် တစ်ရာကို မြန်မာကျပ်ငွေလေးသောင်းကျော်အထိ စံချိန်တင်ရောက်ရှိနေကြောင်း မူဆယ်နယ်စပ် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-09-29
ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာအုပ်စု ငါးခုမှာရှိတဲ့ ပြည်သူတွေထံကနေ အဓမ္မငွေကောက်တာ၊ ပစ္စည်းတွေကို လုယူတာ၊ အမျိုးသမီးတွေကို အဓမ္မပြု ကျင့်တာအပြင် လူထုအပေါ်ဗိုလ်ကျနေတဲ့ ရှိုင်းသာအောင် ဦးဆောင်တဲ့ ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ကလေးပြည်သူ့ ကာကွယ်ရေးတပ် PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
2021-09-29
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ ငွေတောင်၊ ညောင်ဝန်း၊ ရေထွက် စတဲ့ ကျေးရွာ သုံးရွာက မြေဧက ၂၆၀၀ ကျော် ဟာ မန္တလေးနန်းတွင်းအခြေစိုက် အမှတ် (၁၂၁) ထောက်ပို့တပ်ပိုင် ဧရိယာထဲမှာ ပါဝင်နေလို့ဆိုပြီး စစ်တပ်က အတင်းအဓမ္မရွှေ့ခိုင်းနေတာကြောင့် အိမ် ၂၀၀ နီးပါး ဖယ်ရှားပေးနေရပါတယ်။
2021-09-29
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်နိုင်တဲ့ အထောက်အထား ပန်းရောင် ဘတ်ကတ် ပြုလုပ်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
2021-09-29
ကယား (ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာနဲ့ သေးဆူလဲကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးဟာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီလောက်က သေးဆူလဲရွာက သူ့ရဲ့နေအိမ်ကို ရိက္ခာပြန်ယူချိန် မိုင်းနင်းမိပြီး ခြေထောက်ပြတ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-29
မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက် မနေ့ကအထိ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်အထိ မြင့်တက်ခဲ့ပေမယ့် ဒီနေ့မှာတော့ ကျပ်နှစ်သိန်းကျော် ပြန်ကျသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2021-09-29
မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် စီးပွားရေးကျဆင်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ နေ့စဉ်တိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်အရေး၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ အာမခံချက်မပေးနိုင်တဲ့ အထွေ ထွေအကျပ်အတည်းတွေကို စစ်အာဏာသိမ်းထားတဲ့ အချိန်ရှစ်လနီးပါး ရောက်လာတဲ့အထိ မဖြေရှင်းနိုင်သေးပါဘူး။
2021-09-29
စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျောင်းဆရာမ ဒေါ်ကေးမိုဟာ အလှူရှင်တွေပေးတဲ့ ကုလားပဲနဲ့ မျှစ်ကိုသာ သူ့ကလေးတွေကို နေ့စဉ် ချက်ပြုတ်ကျွေးမွေးရပါတယ်။
2021-09-29
မကွေးတိုင်း မကွေးမြို့ပတ်လမ်းပေါ် မကွေးပညာရေးကောလိပ်နဲ့ မျက်နှာချင်း အဝိုင်းပတ်အနီးမှာရှိတဲ့ အမှတ် (၂) ရဲစခန်းဝင်းထဲမှာ စက်တင်ဘာလ ၂၈ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-29
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်တာနဲ့ မြန်နှုန်း 2G အထိ လျှော့ချတာတွေ လုပ်ထားပေမယ့် မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၇) လေ့ကျင့်ရေးတပ်အနားက တယ်လီနောတာဝါတိုင်မှာတော့ အင်တာနက်မြန်နှုန်း 4G အထိရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပခုက္ကူ - ချောင်းဦးကားလမ်းမကြီးပေါ်မှာရှိတဲ့ မန်ကျည်းဘုတ်ရွာက နေအိမ် နှစ်လုံးနဲ့ မန်ကျည်းခွရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၈ ရက် မနေ့နေ့လယ် ၂ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း လောစ့်အိန်ဂျယ်လစ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပတဲ့ အဆိုတော် ဆောင်းဦးလှိုင်ရဲ့ မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေး ရန်ပုံငွေပွဲကနေ အလှူငွေ စုစုပေါင်း ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ပန်းချီကား၊ ပန်းပုလက်ရာစသဖြင့် မြန်မာပြည်ချစ်သူတွေ လှူဒါန်းကြတဲ့ အမှတ်တရပစ္စည်းတွေကိုလည်း လေလံတင်ရောင်းချခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတချပ်တည်း ကနေ ဒေါ်လာ ၁ သောင်း ၇ ထောင်ရရှိခဲ့ပါတယ်။