သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-30
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ ဇွန်လ ၂၇ ရက်နေ့က Shalom လူငယ် လူမှုကူညီရေးအသင်းက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-06-30
ဒေသခံတွေရဲ့ ပြောဆိုချက်၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဇွန်လ ၂၇ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဘာသာရေး အဆောက်အအုံ ၁၃၂ ခု မီးရှို့မှုအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။
2022-06-30
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က စစ်တပ်က ဖမ်းဆီးသွားတဲ့ NLD ပါတီရဲ့ ဘီးလင်းမြို့နယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ဒီနေ့အထိ အဆက်အသွယ် မရတော့ဘဲ ပျောက်နေပါတယ်။
2022-06-30
ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အဖမ်းခံထားရတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ဝန်ထမ်း ကိုအောင်မျိုးသန့်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ အမှုဖွင့်ပြီး ဖျာပုံအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သူနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-06-30
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ မဒပ်ရွာမှာ ဇွန်လ ၂၉ ရက်နေ့က စစ်တပ် လက်နက်ကြီးကြောင့် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
2022-06-29
စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုဒဏ်တွေကို ကလေးငယ်တွေပါ ခံစားနေကြရပြီး၊ ထင်သလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကလေးတွေ တိုးပွားလာနေကြောင်း ကုလသမဂ္ဂက သတိပေး လိုက်ပါတယ်။
2022-06-29
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး UNODC က ကျွမ်းကျင်သူတွေက မေလ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေနဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြုပြီး မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းဂဏအဖွဲ့တွေဟာ မက်သာဖက်တမင်း လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တိုးမြှင့် ထုတ်လုပ်လာကြတယ်လို့ မူးယစ်ဆေးဝါး ကျွမ်းကျင်သူတွေက ပြောသွားပါတယ်။
2022-06-29
နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေကြီး ဦးကြီးမြင့်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကရော ဒီသီတင်းပတ်ကုန်မှာ လာရောက်မယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်ကပါ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကျိုးတစ်စုံတစ်ရာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူးလို့ ဝေဖန်ပါတယ်။
2022-06-29
အမျိုးသား ၁၄၄ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ၈ ဦး အပါအဝင် အားလုံး ၁၆၆ ဦးကို ရန်နောင်းကနေ ပဲ့ချိတ်လှေ ၁ဝ စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
2022-06-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြကို ပုဒ်မ ၅ဝ၅ - ကနဲ့ စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနေ့က အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
2022-06-29
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့ထဲက ၇ ဖွဲ့နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က RFA ကို ပြောပါတယ်။
2022-06-29
မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ကြားဝင်ဖြေရှင်းမယ့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ စတင်လိုက်ပါပြီ။
2022-06-29
တရုတ်အစိုးရနဲ့ စစ်တပ် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုကြောင့် မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၂၆ ရက်အထိ တစ်လအတွင်း ဒေသခံကိုးဦးထက်မနည်း အသတ်ခံခဲ့ရသလို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတချို့လည်းရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-06-29
စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် အရာရှိ၊ စစ်သည် ၁၈ ဦးဟာ လက်နက်တွေနဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံ ခိုလှုံလာတဲ့အတွက် သူတို့လုံခြုံရေးကို ကာကွယ်ပေးထား သလို ဆုငွေတွေ ကျပ် သိန်း ၃၀၀ ကျော် ချီးမြှင့်ခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-06-29
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ အခုဇွန်လအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄၀ ဝန်းကျင်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၅၊ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ထုတ်ပြန်ပါတယ်။