တီးတိန်မြို့မှာ ပရဟိတလူငယ်နှစ်ဦး အဖမ်းခံရ

2022.06.30
တီးတိန်မြို့မှာ ပရဟိတလူငယ်နှစ်ဦး အဖမ်းခံရ ချင်းပြည်နယ် တီးတိန်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ ဇွန်လ ၂၇ ရက်နေ့က Shalom လူငယ် လူမှုကူညီရေးအသင်းက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဆရာမွမ်းနဲ့ ကိုလျန်းရှန်းဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့ PDF Zoland ရဲ့ သတိပေးထုတ်ပြန်ချက်ကို တီးတိန်မြို့ထဲမှာ လော်စပီကာနဲ့ ကြေညာခဲ့တာကြောင့် အဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေမှာ ကျောင်းမထားကြဖို့၊ ကျောင်းဖွင့်ဖို့ ပူးပေါင်းကူညီပေးတဲ့ သူတွေကိုလည်း မလုပ်ဖို့ သတိပေးတဲ့ PDF Zoland ရဲ့ ထုတ်ပြန်ချက်ကို သူတို့က စပီကာနဲ့ လိုက်အော်တာ။ အဲဒါကြောင့်ဆိုပြီး စကစက သူတို့နှစ်ယောက်ကို ဖမ်းဆီးသွားတာ"

လက်ရှိ ဖမ်းဆီးခံရတဲ့ ဆရာမွမ်းနဲ့ ကိုလျန်းရှန်းတို့နှစ်ဦးကို တီးတိန်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း တီးတိန်မြို့ မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါ၀င်တဲ့ ကျောင်းဆရာနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။