သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-28
မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ပူးတွဲ စီးပွားရေး လုပ်ကိုင်နေကြတဲ့ သန်းကြွယ် သူဌေး လုပ်ငန်းရှင်တွေ အပြင်၊ အစိုးရကို မီဒီယာ လုပ်ငန်းနဲ့ ကျောထောက် နောက်ခံ ပြုနေသူ စုစုပေါင်း (၄၂) ဦးကျော် ကို ဘဏ္ဍာရေး ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်း အရေးယူဖို့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့USCB က အမေရိကန် အစိုးရထံ မနေ့က စာရေးပြီး တင်ပြ တောင်းဆို လိုက်ပါတယ်။
2011-06-28
မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီး ကလေးငယ်တွေဟာ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံရ သလို၊ အမျိုးသမီးနဲ့ကလေးငယ်တွေဟာ အခြားနိုင်ငံတွေကို လိင်ကုန်ကူး ရောင်းစားတာ ခံကြရ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2011-06-28
ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးမှာ အာရပ် နိုင်ငံတွေ နဲ့ မြန်မာ နိုင်ငံကြား တူညီတာတွေ ရှိသလို ကွဲပြား ခြားနားချက်တွေလည်း ရှိနေကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2011-06-27
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်း အတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှုရပြီး နောက်ထပ်လည်း ဒီအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ NLD အမျိုးသမီးအဖွဲ့က ပြောပါတယ်။
2011-06-27
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ အစိုးရတပ်တွေ အကြား တင်းမာမှုဟာ ပိုမို ဆိုးရွားလာနိုင်စရာ ရှိတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
2011-06-27
ဒီကနေ့မနက်က ၁၀ နာရီလောက် မန္တလေး ကျောက်မျက်ရောင်းဝယ်တဲ့ ဈေးအတွင်း တရုတ် ကုန်သည်တွေနဲ့ မြန်မာ ကုန်သည်တွေ ခိုက်ရန် ဖြစ်ပွားရာကနေ နောက်ဆုံး ရဲနဲ့အရပ်သားတွေ အကြားမှာပါ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။
2011-06-27
မြန်မာနိုင်င ံထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ထိုင်းနိုင်ငံရဲ့ အဓိကရ စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ PTT ရေနံကုမ္ပဏီဟာ တုံ့ဆိုင်းနေပါတယ်။
2011-06-27
ပြင်သစ်နိုင်ငံက ဓါတ်ပုံပညာရှင်တွေ ဦးစီးပြီး နှစ်စဉ် ကျင်းပတဲ့ PX3 နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲမှာ ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ဂုဏ်ထူးဆောင် ချီးမြှင့်ခဲ့ပါတယ်။
2011-06-26
ဝ,နယ်အတွင်း ဘိန်းပင်တပင်မှ မရှိတော့ကြောင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့က ကြေညာလိုက်ပါတယ်။
2011-06-26
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာ့မြေပေါ်က အမြစ်ပြုတ်တဲ့အထိ တိုက်ဖျက်သွားမယ့်အကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။
2011-06-26
ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အကြား တင်းမာမှု မရှိတော့ဘဲ အခြေအနေတွေ နဂိုအနေအထား နီးပါး တည်ငြိမ်မှု ရရှိနေပြီဆိုတဲ့ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက် မှန်ကန်မှုမရှိကြောင်း KIO က ငြင်းဆိုလိုက်ပါတယ်။
2011-06-26
မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးနိုင်ဖို့ အမေရိကန်အစိုးရက ကုလသမဂ္ဂ အဖွဲ့ဝင် မိတ်ဆွေနိုင်ငံတွေနဲ့ ဆွေးနွေးနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
2011-06-26
တရုတ်-မြန်မာနယ်စပ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို တရုပ်ပိုင်နက်ထဲကနေ ဝင်တိုက်ပြီး သိမ်းပိုက်ဖို့ မြန်မာစစ်တပ် ထိပ်ပိုင်း အရာရှိတဦးနဲ့ တရုပ် စစ်တပ်အရာရှိတွေ လွန်ခဲ့တဲ့ နှစ်ရက်က ယူနန်ပြည်နယ်မှာ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ကချင်သတင်းစဉ် KNG က မနေ့က ဖော်ပြလိုက်ပါတယ်။
2011-06-26
ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦး စစ်အာဏာရှင် လက်ချက်နဲ့ ကျဆုံးခြင်း ၃၅ နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဆလိုင်းတင်မောင်ဦးရဲ့ မိသားစုဝင်တွေက ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2011-06-26
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကချင်ပြည်နယ်မှာ မြန်မာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။