ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိစ္စ အမေရိကန် ကြိုးပမ်းနေ

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးနိုင်ဖို့ အမေရိကန်အစိုးရက ကုလသမဂ္ဂ အဖွဲ့ဝင် မိတ်ဆွေနိုင်ငံတွေနဲ့ ဆွေးနွေးနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

2011.06.26

မြန်မာဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ကုလသမဂ္ဂကနေ ဖွဲ့စည်းနိုင်ရေးအတွက် အမေရိကန် အစိုးရအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေး ကြားနာပွဲကို ဗီဒီယိုက တဆင့် အမှာစကား ပြောကြားအပြီးမှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ကုလသမဂ္ဂက စုံစမ်းစစ်ဆေးဖို့ ဆိုရာမှာ ရုံးတင် တရားစွဲဆိုရေး မဟုတ်ဘဲ စုံစမ်း စစ်ဆေးဖို့သာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စကို အမေရိကန်အစိုးရ အပါအဝင် နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။