၃၅ နှစ်မြောက် ဆလိုင်း ကိုတင်မောင်ဦးနေ့
2011.06.26

အဲဒီ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ ဇိုမီး အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် တို့ကလည်း ဗီဒီယိုက တဆင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါတယ်။
မင်းတို့ စစ်ဘိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်ဘူး
အခမ်းအနားကို ဒီမိုကရေစီရေး လှုပ်ရှားသူ တိုင်းရင်းသားလူမျိုးစုံ တက်ရောက်ပြီး ဆလိုင်း တင်မောင်ဦးနဲ့ လက်တွဲ လှုပ်ရှားခဲ့တဲ့ ကျောင်းသားဟောင်း တွေက အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြ ဖလှယ်ကြပါတယ်။ ဒါ့အပြင် အဆိုတော် လားရှိုးသိန်းအောင်ကလည်း ဆလိုင်းတင်မောင်ဦး ကို ဂုဏ်ပြုတဲ့ တေးသီချင်းတွေ သီဆိုခဲ့ပါတယ်။
အလားတူပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ချင်းကွန်မြူနတီကွန်ဂရက် က ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားကို တနင်္ဂနွေနေ့မှာ ပြုလုပ်ပါတယ်။
ဆလိုင်းကိုတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာ ရှေ့တန်းက ပါဝင်ခဲ့သလို ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်နေ့ ကျင်းပဖို့ လုပ်ဆောင်နေစဉ် မတ်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ ၂၆ ရက်နေ့မှာ မဆလ စစ်အစိုးရရဲ့ ကြိုးမိန့်ပေး ကွပ်မျက်တာကို ခံခဲ့ရပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ ကြိုးစင်တက်တဲ့ နောက်ဆုံး အချိန်အထိ စစ်အစိုးရကို ဒူးမထောက် အညံ့မခံဘူး ဆိုပြီး ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနား ကျင်းပပုံအကြောင်း အပြည့်အစုံကို ဒေါ်ခင်ခင်အိက စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |