ဘိန်းပင် တပင်မှ မရှိတော့ဘူးလို့ UWSA ထုတ်ဖော်ပြောဆို
2011.06.26

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ UWSA အဖွဲ့ အခြေစိုက် ပန်ဆန်းမြို့နဲ့ ၁၇ မိုင်အကွာ ပန်ဆန်း-မိုင်းမောလမ်းမှာ မီးရှို့ပွဲ အခမ်းအနားတရပ် ကျင်းပပြီး ခုလို ကြေညာလိုက်တာပါ။
ဖမ်းဆီး ရမိထားတဲ့ မူးယစ်ဆေးဝါးများ မီးရှို့ပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီး UWSA အဖွဲ့ ပြန်ကြားရေး အရာရှိတဦးက ခုလိုပြောပါတယ်။
“၂ဝ၁ဝ ခုနှစ်တုန်းက ဖမ်းထားတဲ့ ပြည်ပက ဝင်လာတဲ့ မူးယစ်တွေပါ။ ကျနော်တို့ ဝ, နယ်အတွင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ၊ ဘိန်းဖြူ ဘိန်းမည်း၊ တခြား မူးယစ်ဆေးဝါး ဓာတုပစ္စည်းတွေ ဆေးရည်တွေ ဖမ်းမိတာတွေ ဒယ်အိုးကြီး ၁ဝ အိုးလောက်ရှိတယ်၊ အကုန်လုံး မီးရှို့လိုက်တယ်”
ဒီကနေ့ မီးရှို့ ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုဗေဒ ဆေးရည်တွေရဲ့ တန်ဘိုးဟာ ကာလပေါက်ဈေး အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီပြီး ရှိနိုင်တယ်လို့ ဆိုပါတယ်။
အခမ်းအနားကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်မြောက် အထိမ်းအမှတ် ကျင်းပတာ ဖြစ်ပြီး UWSA/UWSP ခေါင်းဆောင် အသီးသီး တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားကို တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဝ, ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး UWSA ပြန်ကြားရေးတာဝန်ခံ အရာရှိကို ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |