ထားဝယ်ဆိပ်ကမ်း စီမံကိန်းမှာ မြှုပ်နှံဖို့PTT တွန့်ဆုတ်နေ

မြန်မာနိုင်င ံထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ထိုင်းနိုင်ငံရဲ့ အဓိကရ စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ PTT ရေနံကုမ္ပဏီဟာ တုံ့ဆိုင်းနေပါတယ်။

2011.06.27

ထားဝယ်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မက်လုံးတွေ ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အပြင် လုံခြုံရေး ကိစ္စ တွေမှာလည်း စိုးရိမ်စရာတွေ ရှိနေတယ်လို့ PTT ရေနံကုမ္ပဏီရဲ့ အကြံပေး မစ္စတာ ချိုင်နွီုင်းက ပြောပါတယ်။ ထိုင်းအစိုးရ အနေနဲ့ ထားဝယ်မှာ ရင်းနှီးးမြှုပ်နှံမှုတွေ မလုပ်ခင် လုံခြုံရေး ကိစ္စကို စိတ်ချသေချာ အောင် လုပ်ထားသင့်တယ် လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ ရဲ့အကြီးဆုံး ဆောက်လုပ်ရေး ကန်ထရိုက်ကုမ္ပဏီကြီးဖြစ်တဲ့ ITD ခေါ် အီတာလျံ ထိုင်း ကုမ္ပဏီက ထားဝယ် ဆိပ်ကမ်း တည်ဆောက်ရေး အတွက် (၁၀) နှစ် စီမံကိန်း ကန်ထရိုက် ရထားပါတယ်။ ဒီစီမံကိန်း အတွက် ပူးတွဲ ရင်းနှီး မြှုပ်နှံကြမယ့် အကျိုးတူ လုပ်ငန်းတွေ ထဲမှာ PTT ရေနံကုမ္ပဏီလည်း ပါဝင်မယ်လို့ အီတာလျံ ထိုင်း ကုမ္ပဏီက မျှော်လင့်ထားတာပါ။ ဒါပေမဲ့ PTT ကတော့ ထားဝယ် ဆိပ်ကမ်းနဲ့ပတ်သက်ပြီး လေ့လာတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လို့ မစ္စတာ ချိုင်နွီုင်း က ပြောပါတယ်။

အခုထိတော့ ထိုင်းနဲ့ မြန်မာ ဆက်ဆံရေး ချောမွေ့နေပါတယ်၊ ဒါပေမဲ့ ရှေ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာ၊ သတိထားတွေ ရှိနေပါတယ်၊ ရင်းနှီး မြှုပ်နှံရာမှာ စွန့်စားရတာ သဘာဝပါ၊ ဒါပေမဲ့ ထားဝယ်မှာ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စိတ်ချရအောင် အာမခံချက်ရှိဖို့လိုပါတယ် လို့လည်း ပြောဆိုပါတယ်။

PTT အနေနဲ့ ထားဝယ်မှာ ရေနံချက် လုပ်ငန်း၊ ရေနံဓါတု လုပ်ငန်း နဲ့ဓါတ်အားပေး စက်ရုံ လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံဖို့ စိတ်ကူးထား ပါတယ်။ ဒါပေမဲ့ ရင်းနှီး မြှုပ်နှံမှု မက်လုံး၊ မြေပိုင်ဆိုင်မှု၊ အလုပ်သမား ဥပဒေ၊ ကုန်ကြမ်း ပစ္စည်း တင်သွင်းခွန် စတဲ့အချက်တွေနဲ့ပတ်သက်ပြီး အခုထိ ဘာမှာ ရှင်းရှင်း လင်းလင်း မသိရသေးတဲ့ အပြင် မုတ္တမကွေ့က ထွက်တဲ့ ရေနံနဲ့ ဓါတ်ငွေ့ဟာ ရေနံဓါတု လုပ်ငန်း အတွက် သုံးစွဲဖို့ မသင့်တော်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့ပြင် ရနောင်းမှာ သဘာ၀ ပတ်ဝန်းကျင် ပြဿနာနဲ့ရင်ဆိုင်နေရတဲ့ Map Ta Phut စက်မှုဇုန်ကို အပြည့်အ၀ သုံးစွဲနိုင်ရေး နည်းလမ်းတွေ ရှာဖွေဖို့လည်း မစ္စတာ ချိုင်နွီုင်း က ထိုင်းအစိုးရကို အကြံပြုလိုက် ပါတယ်။ ထားဝယ် ဆိပ်ကမ်းမှာ ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်ရေး စီမံကိန်းဟာ ထိုင်းကို ဓါတ်အားပြန်ပို့ဖို့ ဖြစ်ပေမဲ့၊ ထိုင်းက ဌာနေ လုပ်ငန်းတွေ ကျဆင်းသွားတယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးခွန်းထုတ်လိုက် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-27 22:42

this information are really not true!!!!!