သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-31
မြန်မာပြည်ဘက်မှာလည်း စစ်မှုမထမ်းမနေရဥပဒေ အတည်ပြုထားပြီး ပြီးခဲ့တဲ့မေလ ၁ ရက်နေ့ကစလို့ လူငယ်အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် မပေးတော့ဘူး ဆိုတဲ့အကြောင်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2024-05-31
လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းတချို့မှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေပါတယ်။
2024-05-31
ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2024-05-31
မင်းကင်းမြို့နယ် သင်တောရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အားတစ်ရာနီးပါးက စစ်ကြောင်း သုံးခုနဲ့ ရွာကိုစီးနင်းခဲ့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
2024-05-31
စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) အတွက် နိုင်ငံတစ်ဝန်းက လူငယ် လေးထောင်ခန့် (၃,၉၅၃ ဦး) စစ်သားစုဆောင်းခံခဲ့ရတယ်လို့ (BACS) က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-31
ကချင်ပြည်နယ်က မြစ်၊ ချောင်းတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်မှုတွေကြောင့် နေအိမ်ပျက်စီးဆုံးရှုံးတာတွေနဲ့ လူသေဆုံးသည်အထိဖြစ်ခဲ့ပါတယ်။
2024-05-31
ထားဝယ်-ရန်ကုန် ကားလမ်းမှာ တံတားနှစ်စင်း မိုင်းခွဲခံရပြီးနောက် ကုန်စည်စီးဆင်းမှု နှေးကွေးနေတာကြောင့် ထားဝယ်မြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာပြီး ဝယ်ယူရခက်ခဲလာပါတယ်။
2024-05-31
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ နေပြည်တော်မှာတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောာင်ရွက်နေတဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
2024-05-30
ရေဦးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးစုဆောင်းထားတဲ့ ဒေသခံ အယောက်နှစ်ဆယ်ဟာ မေလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးမြို့ခံတွေက ပြောပါတယ်။
2024-05-30
လမ်းပြင်ဖို့အတွက် မေ ၂၈ ရက်ကနေ ဇွန် ၁ ရက်အထိ ငါးရက်ကြာ လမ်းပိတ်ထားတယ်လို့ (KNLA/ PC) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2024-05-30
နိုင်ငံရေးအကျဉ်းသား (၃၁) ဦးကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပေးပြီး နေရပ်ပြန်နိုင်ရေး ကူညီပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
2024-05-30
၂ဝ၂၄ ထဲမှာတင် ကလေးအယောက် ၁၅ဝ နီးပါး သတ်ဖြတ်ခံခဲ့ရပြီး ကလေးငယ် ထက်ဝက်ကျော် ပညာသင်ကြားခွင့်မရကြဘူးလို့လည်း ပြောပါတယ်။
2024-05-30
လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အခြေအနေရှိတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အသိပေးထားပါတယ်။
2024-05-30
တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်တဲ့အတွက် စစ်တပ်ထိပ်ပိုင်းအလွှာမှာ မကျေနပ်မှုတွေများလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အနာဂတ် မသေချာဘဲဖြစ်နေတယ်လို့ဆိုပါတယ်။
2024-05-30
ကုလအတွင်းရေးမှူးချုပ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားပြီး အကူအညီပေးရေး စင်္ကြံတစ်ခုဖြစ်လာအောင် ဆွေးနွေးသင့်တယ်လို့လည်း တိုက်တွန်းပါတယ်။