သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-31
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် Freedom Fighter အဖွဲ့က ဦးဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့ ကြိုတင်အကြောင်းကြားစာ ပေးပို့ထားပေမယ့် ကျောက်တံတားမြို့နယ် ရဲစခန်းကခွင့်မပြုဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတွေ ကပြောပါတယ်။
2018-03-30
မြန်မာနိုင်ငံကထွက်ခွာသွားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ မကြာခင်ရောက်လာတော့မယ့် မုတ်သုန်ရာသီမှာ ရေလွှမ်းမိုးမှုအပါအဝင် တခြားအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ အခုသူတို့ရှိနေတဲ့နေရာတွေကနေ ရွှေ့ပြောင်းပေးသင့်တယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာရက်စ်က ဒီကနေ့ ပြောလိုက်ပါတယ်။
2018-03-30
အဖွဲ့ဝင် ၁၆၅ ဦးနဲ့ ဝန်ထမ်းအဆင့်ဆင့် ပါဝင်ဖွဲ့စည်းထားတဲ့ ဝန်ထမ်းများသမဂ္ဂကို ပထမဆုံး အကြိမ်အဖြစ် မန္တလေး ရတနာပုံတက္ကသိုလ်မှာ ဒီနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။
2018-03-30
ငြိမ်းချမ်းရေးရဖို့ဆိုရင် အတိုင်းအတာတစ်ခုအနေနဲ့ ပေးဆပ်ရမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောလိုက်ပါတယ်။
2018-03-30
ရှမ်းပြည်နယ်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ အဆိုကိုဒီနေ့ ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပါတယ်။
2018-03-30
တနင်္သာရီတိုင်းလွှတ်တော်မှာ တိုင်းဝန်ကြီးတွေ လာရောက်ဖြေကြားတဲ့အချိန်မှာ လက်တွေ့အခြေ အနေနဲ့ ကွာခြားနေတာကြောင့် အောက်ခြေအထိစစ်ဆေးပြီးမှသာ ဖြေကြားပေးဖို့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားလိုက်ပါတယ်။
2018-03-30
ထိုင်းနိုင်ငံမှာ MOU နဲ့ တရားဝင် အလုပ်လုပ်ကိုင်ဖို့အတွက် သွားရောက်ကြတဲ့ မြန်မာအလုပ် သမားတွေရဲ့ ကားတစ်စီးဟာ ဒီကနေ့ မတ်လ ၃၀ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မီးလောင်ကျွမ်းခဲ့ပြီး မြန်မာအလုပ်သမား ၂၁ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။
2018-03-30
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် "စစ်မှန်ဒီမိုဥပဒေပြုဖို့ ၂၀၀၈ ခြေဥပြောင်းလဲ ပစ်စို့" ဆိုတဲ့ခေါင်စဉ်နဲ့ Freedom Fighter အဖွဲ့ကဦးဆောင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ တောင်းဆိုဖို့ ကြိုတင်အကြောင်းကြားစာပေးပို့ခဲ့ပေမယ့် ကျောက်တံတားမြို့နယ် ရဲစခန်း က ငြင်းပယ်လိုက်ပါတယ်။
2018-03-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR တို့ကို မြန်မာအစိုးရက ပါဝင်ခွင့်ပြုလိုက်ပါတယ်။
2018-03-30
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ခေါင်းဆောင်ပိုင်းကို ဒုဥက္ကဋ္ဌ ၁ အဖြစ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင်နဲ့ ဒုဥက္ကဋ္ဌ ၂ အဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်ပေး အပ်လိုက်ပါတယ်။
2018-03-30
ပုဂ္ဂလိက သတင်းစာတွေ အားကောင်းဖို့နဲ့ ရှင်သန် ရပ်တည်ဖို့အတွက် ကူညီပံ့ပိုးပေးဖို့ အစီအစဉ်ရှိမရှိ မတ်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားခဲ့ပါတယ်။
2018-03-30
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသ က ဝက်မှေးရွာဟောင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရွာမပြောင်းဘူးငြင်းဆန်သူတွေအကြား ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီးလိုက်ပါတယ်။
2018-03-30
မွန်ပြည်နယ် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးရဲ့ သာသာနာရေးကိစ္စများ ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ကျိုက်မရောဘုရားကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဆရာတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်နဲ့ တိုင်ကြားသူတွေကို ရှုတ်ချကြောင်း ဘုရားဝင်းထဲက ဓမ္မာရုံမှာ လူဦးရေ တစ်ထောင်လောက်က ဆန္ဒထုတ်ဖော်ကြပါတယ်။
2018-03-30
ပြည်သူတွေမြင်ချင်နေတဲ့ အပြောင်းအလဲကို မျက်ဝါးထင်ထင်မြင်ရအောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ပါတယ်။
2018-03-29
ထွက်ပြေးလာတဲ့သူတွေပြန်ခေါ်အောင် မြန်မာအစိုးရကို ဆက်ပြီးဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက နိုင်ငံတကာကို ထပ်မံတောင်းဆိုလိုက်ပါတယ်။