၀က်မှေးရွာဟောင်းမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ ရုန်းရင်းဆန်ခတ်ဖြစ်
2018.03.30
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသက ဝက်မှေးရွာဟောင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရွာမပြောင်းဘူးငြင်းဆန်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီးလိုက်ပါတယ်။
ဝက်မှေးရွာဟောင်းဒေသခံတချို့က ရဲတပ်ဖွဲ့ကို ရွာထဲကို မဝင်ဖို့ တားဆီးရာကနေ ရဲနဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလို့ မျက်မြင်ဖြစ်သူ ဝက်မှေးရွာဟောင်းက ဒေသခံ ကိုအောင်ဇော်ဦးက ပြောပါတယ်။
ကိုအောင်ဇော်ဦးကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။