သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-29
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
2024-02-29
ချင်းလူမျိုးတို့ရဲ့ဌာနေဟာ အခုတော့ စစ်မီးတောက်တွေကြား မြို့တွေပျောက်ဆုံးခဲ့ရသလို မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်လည်းများနေရပါပြီ။
2024-02-29
ကချင်ပြည်နယ်က ပူတာအို၊ မချမ်းဘော့၊ အင်ဂျန်းရမ်၊ တနိုင်းဘက်က ပြည်သူလူထုအတွက် ကျန်းမာရေးကဏ္ဍမှာ ပိုပြီးခက်ခဲနေပါတယ်။
2024-02-29
မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်းမှာ ဖမ်းဆီးထားတဲ့သတင်းထောက် ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် ခုနစ်ဦးကို ပစ်သတ်မြေမြှုပ်ခဲ့ကြောင်း စစ်ကောင်စီတပ်အရာရှိတွေ ဝန်ခံထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
2024-02-28
ရှမ်းပြည်နယ် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်တန်းမှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၈ ရက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပင်လျမ်းဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးသွားတယ်လို့ ဟိုပုံးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2024-02-28
ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာက စစ်ကောင်စီတပ်စခန်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ တစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2024-02-28
ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နဲ့ ဌာနမှူးနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗထူးတပ်မတော် သတင်းထုတ်ပြန်ပါတယ်။
2024-02-28
Mytel ရုံးချုပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောပါတယ်။
2024-02-28
ဂျပန်အစိုးရက လှူဒါန်းတဲ့ကားတွေကို ရွေ့လျားဆေးကုသရေးယာဉ်အနေနဲ့ အသုံးပြုသွားမယ်လို့ မဲဆောက်ဆေးရုံကြီး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
2024-02-28
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့နဲ့ နယ်စပ်လွတ်လွတ်လပ်လပ်သွားလာခွင့်ရပ်ဆိုင်းဖို့ ဗဟိုအစိုးရကချမှတ်တဲ့ ဆုံးဖြတ်ချက်ကိုမီဇိုရမ်ပြည်နယ်လွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။
2024-02-28
ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ မလွင်ဟာ မြန်မာ့ရိုးရာအကတွေ ကပြဖျော်ဖြေရင်း မြန်မာနိုင်ငံအကြောင်းကို နိုင်ငံခြားသားတွေ စိတ်ဝင်စားလာအောင် ကြိုးစားနေသူပါ။
2024-02-28
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
2024-02-28
ပခုက္ကူမြို့နယ်ထဲက ချိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ မီးလောင်ပျက်စီးခဲ့ပြီး သက်ကြီးပိုင်း သုံးဦးပါ မီးလောင်သေဆုံးခဲ့ပါတယ်။
2024-02-28
ကလေးတက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ လူ ၁၃၀ ကျော်ကို ကယ်ထုတ်ထိန်းသိမ်းထားပါတယ်။
2024-02-28
ရန်ကုန်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်ကနေ ၃၅ နှစ်ကြား ရခိုင်လူမျိုးတွေကို လေကြောင်းကရော ကားလမ်းကပါ နေရပ်ပြန်ခွင့်မပြုတော့ဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေပါတယ်။