သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-30
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းတွေကို အမျိုးသမီးတွေနဲ့ ကလေးတွေက ပိုခံစားနေရလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ မူဝါဒဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောပါတယ်။
2023-10-30
ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်း အိမ်ခြံမြေ စျေးကွက်မှာ မြန်မာနိုင်ငံသားတွေက ဝယ်ယူမှုအများဆုံး တတိယနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံက ဆရာဝန်နဲ့ ပညာတတ်တွေလည်း ထိုင်းမှာ ရောက်ရှိခိုလှုံနေတယ်လို့ ဆိုပါတယ်။
2023-10-30
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး အရပ်သား ခုနစ်ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
2023-10-30
စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေရောင်းချတာတွေ အပါအဝင် စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရပ်တန့်စေဖို့ စင်ကာပူအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ စတာတွေ ပါရှိပါတယ်။
2023-10-30
လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမှာအထိုင်ချနေတဲ့ အောင်လံအခြေစိုက် ခလရ ၇၁ ဖြစ်တယ်လို့ People's Defense Comrade အဖွဲ့က ပြောပါတယ်။
2023-10-30
ထီးချိုင့်မြို့အထွက်နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေမှာ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။
2023-10-30
ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နေရာအချို့ကို အောက်တိုဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းအထိ ကိုးကန့် MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး စစ်တပ်နဲ့ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ ပြောပါတယ်။
2023-10-30
ရိုးရာဆင်အကကို နှစ်သက်သူတွေများလာပြီး ကျောက်ဆည်တင်မကဘဲ တခြားနယ်တွေကပါ စိတ်ဝင်စားလာတာမို့ ဆင်ကပွဲအတွက် အလှဆင်ပစ္စည်းတွေရောင်းရတာ ပိုကောင်းလာပါတယ်။
2023-10-30
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲအတွင်း MNDAA အဖွဲ့က စစ်ကောင်စီ တင့်ကားနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး အဲဒီတင့်ကားတွေဟာ ယူကရိန်းထုတ် တိုက်ခိုက်ရေးသုံး တင့်ကားတွေဖြစ်နေတယ်လို့ Militarnyi စစ်ရေးစာစောင်မှာ ဖော်ပြပါတယ်။
2023-10-30
တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းမှာ ဆန်ကို အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-30
ကျားဖျန့်လိုခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရပါမယ်။
2023-10-30
စစ်တွေမှာ အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးခံလိုက်ရတဲ့ စစ်တွေအခြေစိုက် DMG သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ မိသားစုနဲ့ အခုအထိ အဆက်သွယ်မရသေးဘူးလို့ ပြောပါတယ်။
2023-10-30
လှိုင်သာယာ၊ လှိုင်၊ အင်းစိန်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေပါ ကြားခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
2023-10-30
မြိုင်မြို့နယ် ကင်းရွာနဲ့ ကန်ရပ်ကြီးရွာကို အောက်တိုဘာ ၂၉ မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုရင်နှစ်ပါးနဲ့ ကလေးတစ်ဦးအပါ စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-10-30
ကျုံပျော်မြို့နယ်က အသက် နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဟာ စစ်ကောင်စီထံ လက်နက်ချပြီးနောက်ပိုင်း မန္တလေး PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျုံပျော်မြို့ ခလရ - ၃၆ တပ်ရင်းမှာ ခေါ်ယူစစ်ဆေးချိန် သေဆုံးသွားပါတယ်။