သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-30
ဥပဒေအကြံပေး ဦးကိုနီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ် မှန်ပေါ်ပေါက်ရေး ၊ ပြစ်မှုကျူးလွန် သူတွေကို အမြန်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2017-01-30
ငြိမ်းချမ်းရေးရရှိဖို့ စုပေါင်းဆွေးနွေး အဖြေရှာနေကြတဲ့ကာလမှာ အချင်းချင်း စိတ်ဝမ်းကွဲပြီး အထင်အမြင်လွဲမှားစေမယ့် အပြုအမှု၊ အပြော အဆိုတွေကို သတိပြုရှောင်ရှားကြဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေကို သတိပေးလိုက်ပါတယ်။
2017-01-30
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ မနေ့က ရွှေလုပ်ကွက် တစ်ခုပြိုကျခဲ့ပြီး လူ ၇ ဦး ပျောက်ဆုံးနေတဲ့ အတွက် မြေတူးစက်တွေနဲ့ တူးဖော်နေပါတယ်။
2017-01-30
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်နဲ့ အနီးကပ်လုပ်ကြံခဲ့သူကို ကူညီဖမ်းဆီးပေးသူတွေထဲ က သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ဈာပနကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ မနက်ဖြန် ရေဝေးသုဿန်မှာ ပြု လုပ်သွားမှာဖြစ်ပါတယ်။
2017-01-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီဟာ ရန်ကုန်လေဆိပ်မှာ မနေ့က ညနေပိုင်းက လုပ်ကြံခံလိုက်ရပါတယ်။
2017-01-30
ပိုးသတ်ဆေးအဆိပ်အကြောင်း ၁၉၆၂ ခုနှစ်ကတည်းက ကမ္ဘာကိုတပ်လှန့်လိုက်တဲ့ အမေရိကန် သိပ္ပံပညာရှင် Rachael Carson အကြောင်းနဲ့ မြန်မာနိုင်ငံဟာ ၂၀၁၇ ရောက်လာတာတောင် ပိုးသတ်ဆေးအန္တရာယ်ကို သတိမထားသေးတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-01-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဟာ မနေ့ ညနေပိုင်း က ရန်ကုန်လေဆိပ် မှာ လုပ်ကြံခံရပြီး နေရာမှာတင် ကွယ်လွန်သွားခဲ့ပါတယ်။
2017-01-29
ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရတာနဲ့ ပတ်သက်ပြီး၊ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုဆိုတာ ပေါ်လွင်နေတယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုပြီး၊ လွတ်လွတ် လပ်လပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။
2017-01-29
အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေ သကြီး တမူးနယ်စပ်တလျှောက်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်း သွားခွင့်မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2017-01-29
ပုဂံမှာ နေဝင်နေထွက်ချိန်တွေကို ကြည့်ရှုနိုင်မယ့် နေရာ ၅ ခု စီစဉ်သွား မှာဖြစ်ပြီး ကျပ်သိန်းပေါင်း ၃၅၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်သွားမယ် လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောပါတယ်။
2017-01-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရ ပြီး နေရာမှာတင် သေဆုံးသွားပါတယ်။
2017-01-29
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ အမှတ် (၃၅၆) အမြောက်တပ်က တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ ဒေါမူက လား၊ ဖာတီမာ၊ မြေနီကုန်း စတဲ့ ကျေးရွာတချို့က မြေတွေပေါ်မှာ ဒေသခံတွေ ဝင်ရောက်ထွန်ယက် စိုက်ပျိုးခွင့်၊ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း အမှတ် (၃၅၆) အမြောက် တပ်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-01-29
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းမြနဲ့ ဦးအေးလွင်တို့ဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်က အခြေအနေတွေကို လေ့လာဖို့ အတွက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွား ပါတယ်။
2017-01-29
ချယ်ရီပန်းကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက် အထောက်အကူဖြစ်စေမယ့် သင်္ကေတအဖြစ် မှတ်ယူဖို့ လိုအပ်ကြောင်း နိုင်ငံတော်အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2017-01-29
ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ရေသန့်အမှတ် တံဆိပ်တွေကို ဈေးကွက်ထဲကနေ ပြန်လည် ရုပ်သိမ်းပေးဖို့ ရေသန့်လုပ်ငန်းရှင်တွေကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် က သတိပေးလိုက်ပါတယ်။