သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-20
မြန်မာနိုင်ငံဟာ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံဖြစ်လို့ အဖက်ဖက်မှာ မဖြစ်မနေဆက်ဆံနေရမှာ ဖြစ်ပေမယ့် စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့အခါ ဒေသခံတွေမနစ်နာဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိဖို့၊ ပတ်ဝန်းကျင်မပျက်စီးဖို့ ဆိုတာတွေကိုလဲ အထူးသတိထားရမယ်လို့ သုတေသီတွေကထောက်ပြပါတယ်။
2018-12-20
ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖျက်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-12-19
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဆိုင်ရာ အချက်အလက်ရှာဖွေစုဆောင်းရေး ကော်မရှင်ကို ဖျက်သိမ်းသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2018-12-19
မြန်မာနိုင်ငံဟာ ဆင်းရဲပြီး၊ အားနည်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက အနိုင်ကျင့်ချင်ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်တော့မှငုံ့ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
2018-12-19
မြန်မာ့တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စာမျက်နှာတွေ၊ ကိုယ်ပိုင်အကောင့်တွေ၊ အုပ်စုတွေကို ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက အင်္ဂါနေ့ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
2018-12-19
မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ အကောင့်တော်တော်များများကို ထပ်ပြီး ပိတ်လိုက်တဲ့အကြောင်း Facebook ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
2018-12-19
ကမ္ဘာတဝှမ်းမှာ သတ်ဖြတ်ခံရတဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF နဲ သတင်းသမားများကာကွယ်ရေး ကော်မတီ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2018-12-19
အစိုးရ တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးဟာ မိုင်းရှင်းလင်းရေးကို မလုပ်ဆောင်တဲ့အတွက် ဒီကနေ့အချိန်အထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု ၄ ထောင်ကျော်အထိ ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICLB) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2018-12-19
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရာမှာ လူပုဂ္ဂိုလ် ၂၁ ဦးကို မှားယွင်းထုတ်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝကင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2018-12-19
မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ပေးပို့ထားတဲ့ ဒုက္ခသည်စာရင်း နှစ်သောင်းနှစ်ထောင်ကျော် ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2018-12-19
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ လူမျိုးအမည်မှားယွင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားတဲ့ ၂၁ ဦးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2018-12-19
အကြီးစား ကျောက်မျက် တူးဖော်ထုတ်လုပ်မှုတွေကို ပိတ်ပင်လိုက်တဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ပါတယ်။
2018-12-19
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့အချက်တွေကို ပြည်သူတွေသိရှိစေဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန့်ကျင်သူများအဖွဲ့က ဒီကနေ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဖွဲ့စည်းပုံကိုဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့တယ်လို့ သိရပါတယ်။
2018-12-19
ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုမှာ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဒီနေ့မနက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
2018-12-19
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားဒေသတစ်ဝိုက်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။