သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-17
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖွယ်ရှိကြောင်း ဂျကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။
2012-08-17
မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2012-08-17
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံတော် သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သတင်း စာနယ်ဇင်း အပါအဝင် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ၂၅ ဦး ပါဝင်ပါတယ်။
2012-08-17
ရမည်းသင်းခရိုင်၊ မိုးထိ မိုးမိတောင် ရွှေတူးဖော်ရေး လုပ်ငန်းမှာ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေအကြား သဘောတူထားတဲ့ စာချုပ်ပါ အချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့အတွက် ရွှေလုပ်သား ကိုယ်စားလှယ်အဖွဲ့ ဟာ ရန်ကုန်မြို့က အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့ လာရောက်တိုင်ကြားခဲ့ပါတယ်။
2012-08-17
ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ဝန်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။
2012-08-17
လှိုင်သာယာမြို့နယ် FMI City ပဒေသာပင်မြို့တော် အလုပ်သမား စံပြနေအိမ်စုက ဆောက်လုပ်ရေး လုပ်သားဟောင်းတွေဟာ သူတို့ နေထိုင်မှုဘဝ မြှင့်တင်ပေးဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ဘုရင့်နောင်တံတားအနီးမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2012-08-17
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ သတင်းလွတ်လပ်ခွင့် ရရှိအောင် ဆန္ဒပြတောင်းဆိုဖို့အတွက် သတင်းမီဒီယာသမားတွေ စုပေါင်းပြီး လာမယ့် အင်္ဂါနေ့မှာ ခွင့်ပြုချက် လျှောက်ထားမယ်လို့ သတင်းလွတ်လပ်ခွင့် ကော်မတီက မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2012-08-17
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေအတွက် စေတနာ ဝဿန်လို့ နာမည် ပေးထားတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပဖို့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ M-3 စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-08-17
တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်တချို့နဲ့ မန္တလေးအခြေစိုက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို မန္တလေးမြို့ မြစ်ဖျားဧရာ ဟော်တယ်မှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။
2012-08-17
အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
2012-08-16
အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေးခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2012-08-16
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမာဆတ် တက္ကသိုလ်မှာ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-08-16
ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အကဲခတ် လေ့လာလိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဖို့ ထိုင်းနိုင်ငံရဲ့ အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
2012-08-16
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဟော်လန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (AZG) အဖွဲ့အစည်းက ရခိုင်ပြည်နယ်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးကျော်လှအောင်နဲ့ ဝန်ထမ်း အချို့ကို အာဏာပိုင်တွေက ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2012-08-16
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။