သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြတောင်းဆိုမည်
2012.08.17

ရန်ကုန် မြို့တော်ခန်းမ အနီးမှာ ဆန္ဒပြဖို့ စီစဉ်ထားပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ဆန္ဒပြခွင့် လျှောက်ထားမှာ ဖြစ်တယ်လို့ သတင်းလွတ်လပ်ခွင့် ကော်တီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ပြောပါတယ်။
"နဂိုသတင်းလွတ်လပ်ခွင့် ကော်မတီက အချက် ရ ချက် နိုင်ငံတော် သမ္မတကြီးဆီ လက်မှတ်ထိုးပြီးတင်ထားတာရှိပါတယ်။ လက်မှတ်ထိုးတဲ့ ဂျာနယ်လစ်တွေလည်း ၅၀၀ ကျော်ပါတယ်။ ဒါပေမဲ့ အဲဒီထဲကနေပြီးတော့ လောလောဆယ်မှာ အချက်တစ်ချက်ပဲ ရရှိထားပြီးတော့ ၆ ချက်ကတော့ မရသေးပါဘူး။ ဒါကြောင့်မို့လို ဒီအုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်ကနေပြီးတော့ သတိထားမိဖို့အတွက် ဥပဒေဘောင်ထဲကနေ လွှတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ၂၁ ရက်နေ့မှာ အဲဒီအတွက် လိုအပ်တဲ့စာရွက် စာတမ်းတွေနဲ့ လျှောက်ထားမှာ ဖြစ်ပါတယ်။ မီဒီယာသမားတွေ ဆန္ဒပြပြီးတော့ လုပ်နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်"
သတင်းလွတ်လပ်ခွင့် ကော်မတီဝင် သတင်းထောက်တွေဟာ ရှေ့သီတင်းပတ် ဗုဒ္ဓဟူးနေ့မှာ စာနယ်ဇင်းလွတ်လပ်ခွင့် Press Freedom စာသားပါ အမည်းရောင် ဦးထုပ်တွေကို ရန်ကုန်မြို့မှာ ဖြန့်ဝေသွားမှာဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း The Voice ဂျာနယ်နဲ့ လျှပ်တပြက်ဂျာနယ်တွေ အမှုရင်ဆိုင်နေရတဲ့ တရားရုံးရှေ့တွေကို Press Freedom စာသားပါ အမည်းရောင်ဦးထုပ်နဲ့ အမည်းရောင် တီရှပ်အင်္ကျီတွေကို ဝတ်ဆင်ပြီး သွားရောက် သတင်းယူကြမယ်လို့လည်း သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးနေရိန်ကျော်က သတင်းလွတ်လပ်ခွင့် ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးကို ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |