“ံHellman-Hammett” ဆု ကိုဇော်သက်ထွေးရရှိ
2012.09.17

ဒီဆုကို မြန်မာနိုင်ငံမှာပဲ အခမ်းအနားနဲ့ လက်ခံရယူမှာ ဖြစ်တယ်လို့ ကိုဇော်သက်ထွေးကပြောပါတယ်။
"ဆုရဲ့ ဒီပေးရတဲ့သူက အချက်အလက်တွေအရ ဆိုရင်တော့ သူကစာရေးသားပြီးတော့ပေါ့လေ၊ အများအကျိုးကို ဆောင်ရွက်ရင်းနဲ့ဒုက္ခရောက်ရှိသွားတဲ့ အနုပညာရှင် writer ပေါ့။ writer လို့ပဲ သုံးတယ်။ Journalist လို့မသုံးပါဘူး။ writer တွေကို ရွေးချယ်ပြီး နှစ်စဉ်ပေးအပ်တယ်လို့ဆိုပါတယ်။ ဒီဆုကို ပေးတဲ့အတွက်လည်း ကျွန်တော် ဂုဏ်ယူဝမ်းမြှောက်ပါတယ်။ ဒါကြောင့် ပြည်တွင်းထဲမှာပဲ ဒီဆုကိုလက်ခံဖို့စဉ်းစားထားပါတယ်"
ဒီဆုချီးမြှင့်တဲ့ အစီစဉ်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် အမေရိကန်သတင်းထောက် Mr. Hammett က လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ စာရေးဆရာတွေရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ စတင်တည်ထောင်ခဲ့တာပါ။
ဂုဏ်ပြုလက်မှတ်နဲ့အတူ အမေရိကန်ဒေါ်လာ ခြောက်ထောင်ကို ဆုချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပါတယ်။ ကိုဇော်သက်ထွေးဟာ Hellman- Hammett လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံသားအနေနဲ့ ဒုတိယမြောက် လက်ခံရရှိသူဖြစ်ပြီး ၁၉၉၂ ခုနှစ်က အနုပညာရှင် ကိုဇာဂနာဟာ ပထမဆုံးအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။