တရုတ် စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာရှင်များ မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့်တွေ့ဆုံ

တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်တချို့နဲ့ မန္တလေးအခြေစိုက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို မန္တလေးမြို့ မြစ်ဖျားဧရာ ဟော်တယ်မှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။

2012.08.17

အဲဒီဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုမုဒြာနဲ့ မော်ဒန်ဂျာနယ်တို့ရဲ့ မန္တလေးတာဝန်ခံ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြည်သူလူထုနဲ့ ပြည်သူအပေါ် သြဇာရှိတဲ့ သူတွေကို လာစည်းရုံးတဲ့ ဆွေးနွေးပွဲလို့ မြင်ကြောင်း RFA ကိုပြောပါတယ်။

"သူတို့က ဗမာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ချင်တယ်။ ဗမာပြည်ကို ဖြတ်သွယ်မဲ့ ပိုက်လိုင်းကြီးကလည်း သူတို့အတွက် အရေးကြီးတာပဲ။ နောက်တခါ မြစ်ဆုံက ဆည်ကြီးကလည်း သူတို့က စိတ်မလျှော့သေးဘူး။ လုပ်ချင်တုန်းပဲ။ အဲတော့ တဖက်သတ်လှည့်ပြီးတော့ ပြည်သူလူထုနဲ့ ပြည်သူလူထုအပေါ်မှာ သြဇာရှိတဲ့ လူတွေကို စည်းရုံးတယ်။ တနည်းပြောရင်တော့ ချိုတယ်လို့ ထင်တာပဲလေ"

မနေ့ကလည်း အလားတူ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး တရုတ်ပညာရှင် ၆ ဦး၊ နယ်သာလန်နိုင်ငံမှ ၂ ဦးနဲ့မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဒေသခံများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ စိမ်းရောင်စိုအဖွဲ့နဲ့ အခြားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ ကာ သဘာ၀၀န်းကျင်ဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြသလို ဒေသခံတချို့ပါ တက်ရောက်ပြီး လက်တွေ့ခံစားနေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဦးကျော်ရင်မြင့်နဲ့ RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။