ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်
2012.08.17

RFA
မျိုးစပါး ဖြန့်ဖြူးဖို့အတွက် ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို အရင်ကောက်ယူမှာ ဖြစ်တယ်လို့ ပဲခူးတိုင်းက အလုပ်သမားနဲ့လယ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်သန်းက RFA ကိုပြောပါတယ်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ရွာပေါင်း ၆၆ ရွာ၊ ဝေါမြို့နယ်မှာရွာပေါင်း ၅၂ ရွာနဲ့ ကဝမြို့နယ်က ရွာပေါင်း ၉၆ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေက လယ်ယာမြေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ လယ်ဧက သုံးသောင်းကျော် ရေနစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ မနေ့ကစပြီး ရေစကျနေပြီဖြစ်ပေမယ့် လယ်မြေ အများအပြားကတော့ ရေနစ်မြှုပ်နေဆဲပဲလို့ သိရပါတယ်။