နယ်စပ်ဧရိယာ ရေကြီးရေလျှံမှုကာကွယ်ရေး ထိုင်း-မြန်မာ ဆွေးနွေး

RFA Burmese
2024.10.09
နယ်စပ်ဧရိယာ ရေကြီးရေလျှံမှုကာကွယ်ရေး ထိုင်း-မြန်မာ ဆွေးနွေး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်မြစ်ကို တွေ့ရစဉ်။
Wiang Phang Kham sub-district municipal office

ထိုင်း-မြန်မာဧရိယာအတွင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းအနီး မီတာ ၃၀ ဝန်းကျင်က အဆောက်အအုံတွေဖယ်ရှားဖို့ အောက်တိုဘာလ ၉ရက် မနေ့ကပြုလုပ်တဲ့ ထိုင်း-မြန်မာနယ်စပ်နဲ့ မယ်ဆိုင် နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးမှာ အတည်ပြုဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ အဲဒီဧရိယာအတွင်းမှာ ရေစီးရေလာကောင်းဖို့၊ မြစ်ကမ်းပါးရေတက်မဲ့အန္တရာယ်ကို သိသိသာသာ လျှော့ချနိုင်ဖို့နဲ့ ရေကြီးရေလျှံမှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ မယ်ဆိုင်ချောင်းရေကြီးရေလျှံမှုကို အောင်မြင်စွာ တားဆီးနိုင်လိမ့်မယ်လို့ ထိုင်းဘုရင့် တပ်မတော် နယ်စပ်ရေးရာဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Natthaphong Phraokaeo က ပြောပါတယ်။

ထိုင်းနဲ့ မြန်မာပူးပေါင်းဆောင်ရွက်မဲ့ ရေလွှမ်းမိုးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အသစ်ရေးဆွဲဖို့ အတည်ပြုထားပြီး နယ်နိမိတ်စစ်တမ်းနဲ့ နယ်နိမိတ်သတ်မှတ်မှု အသစ်လုပ်သင့် တယ်လို့လည်း သူက ပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။