သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-13
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ကုလသမဂ္ဂ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေ ကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
2012-06-13
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ ရှေ့ရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပြီး၊ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ကူးစက် ပြန့်ပွားမသွားအောင် တားဆီးဖို့၊ တခြားလူ့အခွင့်အရေး ကိစ္စတွေနဲ့အတူ ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2012-06-13
မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခအဖြစ် တစ်ရက် ကျပ်ငွေတစ်ထောင်နှုန်းကို အလုပ်သမားရေးရာ အာဏာပိုင်တွေက သတ်မှတ်လိုက်ကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
2012-06-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၅ နိုင်ငံခရီးကို ဒီနေ့စတင်လိုက်ပြီး မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သတင်းရရှိပါတယ်။
2012-06-13
လွန်ခဲ့တဲ့ ၅ ရက်လောက်က ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပေမယ့် ဒီကနေ့တော့ မြို့တွင်းနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ အခြေအနေ ပြန်လည်တည်ငြိမ်စပြုနေပြီ ဖြစ်ပါတယ်။
2012-06-13
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည် သိန်းနဲ့ချီပြီး ရှိနိုင်တယ်လို့ ဒေသခံလူမှုရေးအဖွဲ့တွေက ပြောဆိုပါတယ်။
2012-06-13
မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည် လှေ ၃ စင်းကို မနေ့က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နယ်စပ်ကနေ ပြန်လည်မောင်းနှင် ထုတ်လိုက်ပါတယ်။
2012-06-12
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာနက ဖော်ပြပါတယ်။
2012-06-12
မြန်မာနိုင်ငံကနေ နယ်စပ်ကျော်ပြီး ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခိုလှုံခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တောင်းဆိုလိုက်ပါတယ်။
2012-06-12
စစ်တွေမြို့မှာ ဒီကနေ့ မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတချို့လည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာရှိတဲ့ NGO ရုံးတချို့ကို အာဏာပိုင်တွေက ဒီကနေ့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
2012-06-12
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ အားနည်းမှုတွေ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီနေ့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
2012-06-12
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးဥပဒေနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ဥပဒေတွေကို ရှင်းလင်းပြောဆိုတဲ့ အလုပ်သမားအရေး ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
2012-06-12
၂၀၁၀ သြင်္ကန်မှာ ရန်ကုန်မြို့က X2O မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါကို ရန်ကုန်ဆေးရုံကြီးမှာ ဒီနေ့ကစပြီး ဓာတ်ကင်ကုသနေတယ်လို့ သိရပါတယ်။
2012-06-12
ရမည်းသင်းခရိုင် မိုးထိ၊ မိုးမိတောင် ရွှေတွင်းက ထောင်ဂဏန်းရှိတဲ့ အလုပ်သမားတွေဟာ သူတို့ရပိုင်ခွင့် အခွင့်အရေးတွေ တောင်းဆို ဖို့အတွက် နေပြည်တော်အထိ ချီတက်ဆန္ဒပြကြဖို့ လာကြရမှာ လမ်းမှာ လုံခြုံရေးတပ်တွေက ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
2012-06-11
ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို အမေရိကန်အစိုးရအနေနဲ့ အလွန်စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။