ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါ ရန်ကုန်ဆေးရုံကြီးမှာ ကုသ
2012.06.12

အသည်းကင်ဆာဆဲလ်တွေက ခါးရိုးကို ဆက်လက်ကူးဆက်တဲ့အတွက် ဓာတ်ကင်ရတာလို့ ဇနီးဖြစ်သူ မဌေးဌေးက RFA ကိုပြောပါတယ်။
"အသည်းကင်ဆာမှာ ရှိတဲ့ဆဲလ်တွေကနေပြီးတော့ ခါးရိုးနံပါတ် (၈) ရယ်၊ (၉) ရယ်ကို ထိသွားတဲ့အတွက်ကြောင့် သူကအောက်ပိုင်း မလှုပ်နိုင်တော့ဘူး။ မလှုပ်နိုင်တဲ့ အတွက် ကျွန်မတို့က ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဓာတ်ရောင်ခြည်ဋ္ဌာနကို သွားပြတော့ ဒီနေ့ကစပြီး ဓာတ်ကင်တယ်ရှင့်။ ၅ ရက် ကင်ရမယ် ပြောတယ်ရှင့်။ ၅ ရက် ကင်လိုက်လို့ရှိရင်တော့ ကံကောင်းရင်တော့ ပြန်လှုပ်နိုင်မှာပေါ့"
အဲဒီနောက် အင်းစိန်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆက်လက်ထားရှိတယ်လို့ ဆိုပါတယ်။ သူ့ကို ဆေးရုံမှာ ၂၄ နာရီ ရဲလုံခြုံရေးချထားပြီး မိသားစုကတော့ စောင့်ကြည့်ခွင့် ရတယ်လို့ သိရပါတယ်။
ကိုဖြိုးဝေအောင်ကို သေဒဏ်ချထားတဲ့အတွက် မိသားစု အယူခံတင်ထားတာကို လာမယ့် ၂၆ ရက်နေ့ကျရင် နေပြည်တော်မှာ ကြားနာမယ်လို့ မဌေးဌေးက ပြောပါတယ်။