ရခိုင်ပြည်နယ် ပဋိပက္ခ အစိုးရဆောင်ရွက်ချက် အားနည်းကြောင်း RNDP ဝေဖန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ အားနည်းမှုတွေ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီနေ့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။

2012.06.12
sittwe-nazi-fire-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
RFA

စစ်တွေမြို့မှာ ဒီကနေ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် ထိခိုက်ဒဏ်ရာရတာတွေလည်း လျော့မသွားဘဲ တိုးပွားလာနေတာတွေကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီ ပြဿနာရပ်တွေကို အင်အားသုံးဖြေရှင်းဖို့ လိုအပ်နေပြီလို့ RNDP ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။

"စစ်တွေမှာတော့ လုံခြုံရေးနည်းနည်း ပိုလိုမယ်လို့ထင်တယ်။ ကျွန်တော်တို့ကလေ ရင်ဆိုင်ကြတဲ့အခါမှာ နှစ်ဘက်တော်တော်လေး အဆိုးတွေလုပ်ကြပါ တယ်။ နောက်ဒီထက်မက လုံခြုံမှုထိန်းသိမ်းရေးအဖွဲ့တွေက အင်အားသုံးဖို့လိုမယ်ထင်တယ်။ တချို့ကလည်း တားမနိုင်ဖြစ်နေတယ် ကြားပါတယ်။ အဲတော့ ကျွန်တော်တို့ကတော့ ၂၄ နာရီ မာရှယ်လော ထုတ်သင့်တဲ့သဘောတောင် ဖြစ်နေပြီလားလို့ သုံးသပ်ပါတယ်"

စစ်တွေမြို့က ရပ်ကွက်တွေမှာ ဒီကနေ့ အပြန်အလှန် မီးရှို့မှုကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများ ရှိတယ်လို့လည်း စစ်တွေမှာ ရောက်နေတဲ့ RFA သတင်းထောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သမိုင်းသုတေသီ အရှင်ပညာစာရကို စစ်တွေမြို့မှာ  ရောက်ရှိနေတဲ့  အာအက်ဖ်အေ အဖွဲ့သား ဦးကျော်ကျော်အောင်က  လျှောက် ထား  မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

လျှောက်ထား မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။