ရခိုင်ပြည်နယ်အတွင်း လောလောဆယ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း ခိုလှုံဖို့ ပြေးဝင်လာကြတာဖြစ်ပါတယ်။ အဲဒီစက်လှေ ၃ စင်းမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ခလေးငယ် စုစုပေါင်း ၁၀၉ ဦး လိုက်ပါလာပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းကတွေ့ရှိရတဲ့ စက်လှေတစ်စင်းမှာ စောင့်ရှောက်သူ ကင်းမဲ့နေတဲ့ လသားအရွယ် မိန်းခလေးတစ်ဦးသာ စက်လှေပေါ်မှာ ပါရှိတာကို တွေ့ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ဒီစက်လှေကို ကင်းလှည့်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီစက်လှေဟာ ဓားပြတိုက်ခံရတာ၊ ဒါမှမဟုတ် ကြားဖြတ်တိုက်ခိုက်ခံထားရ တာမျိုး ဖြစ်နိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တာဝန်ရှိသူ ဗိုလ်မှူးရာမန်က ပြောပါတယ်။
လောလောဆယ် ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်မောင်းနှင်ထုတ်လိုက်တဲ့ စက်လှေ စုစုပေါင်း ၁၆ စင်းရှိသွားပြီး၊ လူဦးရေအားဖြင့် ၆၆၀ ကျော်ရှိပါတယ်။