ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာနက ဖော်ပြပါတယ်။

2012.06.12
un-vijay-nambiar-b305 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဖြစ်ပါသည်။
Photo courtesy of UN Multimedia.org

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာ အရေးပေါ်အခြေအနေ ကြေညာရတဲ့အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတွေနဲ့ အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက် သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေအကြောင်း ဆွေးးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က နယူယောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။