သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-22
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက နေအိမ် ၇၀၀ ခန့်ကို မတ်လ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-21
မီးရှို့အသတ်ခံရသူ နှစ်ဦးဟာ ရွှေခုံတိုင်ကျေးရွာက အသက် ၈၀ ကျော်အရွယ် မျက်မမြင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ပုနဲ့ ထိန်တိုင်းကျေးရွာက အသက် ၇၀ ကျော်အရွယ် ဦးကားကျော် ဖြစ်ပါတယ်။
2023-03-21
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ALP ပါတီအတွင်း အပြန်အလှန်စာတွေ ထုတ်ပြန်နေပါတယ်။
2023-03-21
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ၊ ပုဒ်မ ၂၀ (က) မှာ ပါတီတစ်ခုက မိမိဆန္ဒအရဖျက်သိမ်းတာဖြစ်ဖြစ် မှတ်ပုံတင်တာကို ပယ်ဖျက်ခံရတာဖြစ်ဖြစ် ပါတီပိုင်ပစ္စည်းတွေ နိုင်ငံတော်ကို အပ်နှံရမယ်လို့ ရေးသားထားပါတယ်။
2023-03-21
မကြာခင်မှာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေကတစ်ဆင့် တရားစွဲ အပြစ်ပေးနိုင်တော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောလိုက်ပါတယ်။
2023-03-21
လက်ဖက်အရည်အသွေးနဲ့ လက်ဖက်ဈေးနှုန်း ထိန်းညှိဖို့၊ လက်ဖက်ရဲ့ မူရင်းအရသာ မပျောက်ဖို့ ဆိုပြီး TNLA အုပ်ချုပ်ရေးဌာနက မတ်လ ၄ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။
2023-03-21
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ အခုထက်ပိုမိုလုပ်ဆောင်ပေးဖို့ တိုက်တွန်းကြောင်း (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
2023-03-21
ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာဒေသမှာ CDM ဆရာ၊ ဆရာမတွေ ဦးဆောင်ပြီး ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
2023-03-21
လောင်းလုံးမြို့နယ်ထဲက ရွာသုံးရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက် မီးရှို့ခဲ့ပါတယ်။
2023-03-21
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဘုန်းကြီးသုံးပါး အပါအဝင် အရပ်သား ၂၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီ အရပ်ဘက်အဖွဲ့ ၁၃ ဖွဲ့က မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-03-21
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို (NLD) ပါတီရဲ့ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။
2023-03-21
မြောင်မြို့နယ်ထဲက ပန်းညိုနဲ့ ညောင်ကားယားရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်လာလို့ ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-03-21
အာဏာသိမ်းထားတဲ့အခုချိန်မှာတော့ နိုင်ငံရေးအမှုလိုက်ရှေ့နေတွေ လုံခြုံရေးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေကြရသလို ရှေ့နေတချို့လည်း အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးတရားစွဲဆိုခံနေကြရပါတယ်။
2023-03-21
ချင်းပြည်နယ်မှာ အာဏာသိမ်းနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို ဒေသခံအရပ်သားတွေ ရင်ဆိုင်ခံစားနေရပါတယ်။
2023-03-21
ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ (UNHCR) က မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။