သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-21
မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နောင် တက်လာမယ့် အစိုးရသစ်မှာ မီဒီယာများနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်နိုင် ဖို့ ဆွေးနွေးပွဲကို ရန်ကုန်မြို့နိုဗိုတယ် ဟိုတယ် မှာ သတင်းမီဒီယာ အသီးသီးက ကိုယ်စား လှယ်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-02-21
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ ဟံသာဝတီဦးဝင်းတင် ကျန်း မာရေးစောင့်ရှောက်မှုအဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လိုက်လံ ဆေးကုသပေးနေပါတယ်။
2016-02-21
လက်ရှိအစိုးရနဲ့ တပ်မတော်ဟာ အပစ်အခတ်ရပ် စဲရေး NCA သဘောတူစာချူပ်ကို လက်နက်သဖွယ် အသုံးချလာနေပြီး၊ သွေးခွဲအနိုင်ယူရေး မဟာဗျူဟာနဲ့ တိုင်းရင်းသားတွေကြား လူမျိုးရေးမုန်းတီးမှု ဖြစ်ပေါ် လာအောင် အစိုးရတပ်မတော်က လုပ်ဆောင် လာနေတဲ့ အတွက်၊ အပြင်းအထန် ရှုတ်ချကြောင်း ဒီနေ့ ပြီးဆုံးသွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ကြေညာချက် ထုတ်ပြန် ခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲလည်း ကျင်းပ ခဲ့ပါတယ်။
2016-02-21
ပြည်သူ့ဘဏ္ဍာငွေ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ရေး ဗဟို ချုပ်ကိုင်မှု လျှော့ချရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို The Asia Foundation က ဦးစီးပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ဒီနေ့ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2016-02-21
ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးတွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ် အစည်း အဝေးကနေပြီး အဖွဲ့ဝင် ၅ ဦးပါ ကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တချို့ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2016-02-21
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းဖို့ အရေးကြီးအဆိုကို လွတ်တော်က အတည်ပြုထားပါတယ်။
2016-02-21
ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသက ဘိန်းခင်းတွေသွားရောက်ဖျတ်ဆီးမယ့် လူထုအခြေပြုမူးယစ် တိုက်ဖျတ်ရေးအဖွဲ့ကို နယ်မြေခံအစိုးရတပ်မတော်က ဝိုင်းမော်မြို့အနီး ဆဒုံးနဲ့ ချီဖွေလမ်းဆုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက တားမြစ်ထားပါတယ်။
2016-02-21
ရန်ကုန်မြို့တော်က စီမံကိန်းတွေမှာ အလွဲသုံး စားပြုငွေ သန်းပေါင်းများစွာရှိနေတာကို တွေ့ရှိရတဲ့ အချက် အပါအဝင် မြန်မာပြည်က လက်ရှိ အခြေ အနေတချို့ကို တနင်္ဂနွေ စကားဝိုင်းမှာ နားဆင်ပါ။
2016-02-20
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မိုးကြီးခဲ့မှုကြောင့် ပျက်စီးဆုံးရံှုးခဲ့တဲ့ နေ အိမ်တွေနဲ့ လမ်းတံတားတွေကို အသစ်ပြန်လည်ဆောက် လုပ်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ချင်း အမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြော လိုက်ပါတယ်။
2016-02-20
ကချင်ပြည်နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသ တစ်ဝိုက်မှာ ဘိန်းခင်းတွေ သွားရောက် ဖျက်ဆီးမယ့်အဖွဲ့ ဟာ မနေ့က ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး ဘိန်းစိုက် ခင်းတွေရှိနိုင်တဲ့ နေရာ ၆ ခုကို အရင်ဆုံးသွားရောက် ကွင်းဆင်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-02-20
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ငေါ့ငါး၊ ပန်မူနဲ့မန်နိမ့် ကျေးရွာတွေ တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ဒီရက် ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2016-02-20
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရအဖွဲ့အနေနဲ့ ဘဏ္ဍာငွေစီမံ ခန့်ခွဲမှု ကောင်းမွန်မှု၊ အုပ်ချုပ်ရေးစနစ် ပွင့်လင်းမြင်သာမှု ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြော ပါတယ်။
2016-02-20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အထွက် ၁၂ မိုင် ဟိုပိတ်ကျေးရွာအနီးမှာ မနေ့ည ၁ဝ နာရီ အချိန်လောက်က မိုင်း တစ်လုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းအပါအဝင် သုံးဦးဒဏ်ရာ ရခဲ့ပါတယ်။
2016-02-20
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖွဲ့ကို ဒုတိယနေ့အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ် ကောင်စီ အစည်းအဝေးကနေ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
2016-02-20
တိုင်းရင်းသားတွေ စာပေ ယဉ်ကျေးမှု ဖံ့ွဖြိုးတိုးတက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အေးချမ်းဖို့အတွက် လွှတ်တော်အတွင်းကနေ ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားရေးရာကော်မတီ အဖွဲ့ဝင် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။