တိုက်ပွဲရပ်တန့်ရေး ဖြေရှင်းဖို့ ကော်မတီတစ်ရပ် UNFC ဖွဲ့စည်း
2016.02.21
ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးတွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ် အစည်းအဝေးကနေပြီး အဖွဲ့ဝင် ၅ ဦးပါ ကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တချို့ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။