မီဒီယာ မူဝါဒ ဆွေးနွေးပွဲ ကျင်းပ

2016.02.21
media-policy-620.jpg သတင်းမီဒီယာ ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ် ဟိုတယ်မှာ ဆွေးနွေးပွဲ ကျင်းပနေစဉ်
Photo: Kyaw Zaw Win/ RFA

မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နောင်တက်လာမယ့် အစိုးရသစ်မှာ မီဒီယာများနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်နိုင်ဖို့ ဆွေးနွေးပွဲကို ရန်ကုန်မြို့နိုဗိုတယ် ဟိုတယ် မှာ သတင်းမီဒီယာ အသီးသီးက ကိုယ်စားလှယ်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေကို နောင်အစိုးရသစ်လက်ထက်မှာ ချမှတ်နိုင်ဖို့အတွက် ဝိုင်းဝန်းဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ဆွေးနွေးပွဲမှာပါဝင် တဲ့ မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးသီဟစောက ပြောပါတယ်။

"NLD ကလွှတ်တော်ထဲရောက်ပြီ၊ မတ်လကုန်ဆိုရ င်အစိုးရသစ်ဖွဲ့မယ်၊ အဲ့ဒီအစိုးရ သစ်က မီဒီယာပေါ်လစီတွေ၊ ဘာလုပ်သင့်တယ်ဆိုတာ ဝိုင်းဆွေးနွေးကြတာ၊ သတင်း အချက်လက်တွေကို ဖြုတ်မလား၊ ပုံစံပြောင်းမှာလား၊ နောက်တစ်ခုက မီဒီယာသမား တွေရဲ့ အရည်အသွေးကိစ္စတွေ၊ တိုင်းရင်းသားမီဒီယာတွေရော၊ ဘယ်လိုလုပ်ကြမလဲ၊ ဆိုလိုချင်တာက ဒီနေ့ပွဲက တစ်ကယ်ဆိုရင်တော့ မီဒီယာဖွံ့ဖြိုးမှုသက်သက်မဟုတ်ဘူး၊ လာမယ့်အစိုးရသစ်က မီဒီယာကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ဝိုင်းစဉ်းစားပေး ကြတာပါ"

ဒီနေ့ဆွေးနွေးပွဲကို မဇ္ဈိမမီဒီယာ နှင့် Action Aid မြန်မာတို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင်၊ dvb သတင်းဌာန၊ ဆွီဒင်နိုင်ငံ သံအမတ်၊ action aid မြန်မာက ဒါရိုက်တာတို့က ဦးဆောင် ဆွေးတာဖြစ်ပါတယ်။

သတင်းသမားတွေ အရည်အသွေးမြင့်တက်ဖို့၊ တိုင်းရင်းသား ရုပ်သံ သတင်းဌာနတွေ ရပ်တည်နိုင်ဖို့၊ အစိုးရနဲ့ သတင်းမီဒီယာ ကြားကောင်းမွန်စွာ ဆက်သွယ်နိုင်ဖို့ ၊ အစိုးရသစ်အနေနဲ့ သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး အဆင်ပြေမယ့် မူဝါဒတစ်ခု ချမှတ်နိုင်ဖို့ကို ဆွေးနွေးကြတာပါ။

နိုင်ငံခြားသတင်းဌာန၊ ပုံနှိပ် ဂျာနယ်သတင်းဌာန၊ ရုပ်သံသတင်းဌာတွေက ကိုယ်စားလှယ်တွေကလည်း ဝင်ရောက် အကြံပြုဆွေးနွေးကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲက အကြောင်းအရာတွေကို သတ်မှတ်ထားပြီး အားသာချက် အားနည်းချက်တွေကို ရှာဖွေကာ နောင်တက်မယ့် အစိုးရသစ်အတွက် မီဒီယာနဲ့ ပတ်သက်တဲ့ မူဝါဒ ချမှတ်တဲ့ အခါမှာ အဆင်ပြေလွယ်ကူစေ မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မုံရွာအောင်ရှင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တွေ့ဆုံမေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။