တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးနဲ့ အေးချမ်းရေး
2016.02.20
တိုင်းရင်းသားတွေ စာပေ ယဉ်ကျေးမှု ဖံ့ွဖြိုးတိုးတက်ဖို့နဲ့ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အေးချမ်းဖို့အတွက် လွှတ်တော်အတွင်းကနေ ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားရေးရာကော်မတီ အဖွဲ့ဝင် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
တိုင်းရင်းသားအရေးဆောင်ရွက်ရမယ့် ကော်မတီ အဖွဲ့ဝင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။