အစိုးရတပ်နဲ့ တအာင်းတပ်တွေ တိုက်ပွဲပြင်းထန်


2016.02.20
tnla-620 ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တချို့ကိုတွေရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ငေါ့ငါး၊ ပန်မူနဲ့မန်နိမ့် ကျေးရွာတွေတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ အမည်မဖော်လိုတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပန်မူ၊ ပန်ဆေး ဝန်းကျင်ဘက်ကို လက်နက်ကြီးနဲ့ ထုနေတယ်ထင်တယ်၊ ၁၇ ရက်နေ့ကတော့ အလုံး ၃ဝ လောက်တော့ ရှိမယ်ထင်တယ်၊ ကျန်တဲ့ရက်တွေကတော့ သုံးလေးလုံး၊ မနေ့ မနက်ပိုင်းကတော့ ၃ လုံး၊ မနေ့ညကတော့ ၃လုံး၊ တပ်မ ၉၉ က၊ ပန်မူတို့၊ ပန်ဆေးတို့၊ ပန်မော်တို့ အဲ့ဘက်တွေ၊ ပထမဆုံးတော့ အဲ့ဘက်တွေ၊ အခုရက်ပိုင်းတော့ ဘယ်ကိုပစ်နေမှန်းတော့ မသိဘူး၊ ၁၇ ရက်နေ့တုန်းတော့ တနေကုန်ပဲပေါ့၊ အခုနောက်ပိုင်းကျတော့ ဒီကိုလှမ်းလှမ်းပြီးတော့ နည်းနည်းပါးပါး ပစ်တာရှိတယ်၊ ၁၇ ရက်နေ့ကတော့ တနေကုန်ပဲ"

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတစ်ဝိုက်မှာ အစိုးရတပ်ဘက်က နယ်မြေခံတပ်တွေအပြင် တပ်မ ၉၉ တပ်စွဲထားတာ ဖြစ်ပါတယ်။

မနေ့က ညပိုင်းနဲ့ဒီကနေ့မနက်ပိုင်းတွေမှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်သံတွေ ကြားနေရပြီး ဒေသခံတွေ ထိတ်လန့်နေကြရတယ်လို့ပြောပါတယ်။

ဒါ့အပြင် အစိုးရတပ်မတော်ဘက်က ၁၀၅ မမ အမြောက်တွေ၊ လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်တာရှိသလို တပ်မ ၉၉ နဲ့လည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။